စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးရွာရှိ KTV ဗုံးကြဲခံရပြီး ၆ ဦး သေဆုံး

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးရွာရှိ KTV ဗုံးကြဲခံရပြီး သေဆုံးသူ ၆ ဦးအထိ ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆိပ်ဖြူမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ကလေးငယ်အပါအဝင် ၇ ဦး သေဆုံး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂေါႇမိုႈ နောႈမှည်ဖေးရာန်ယာန်ပ်ုရ်နီန် တိုအီးကီုင်းမိုဂူႈကဲ ဒဝ်ဒိုည်ႇ

တိုအိးအရာပ်ကဲ က္လာင်းဒါႈ ဂေါႇမိုႈနောႈမှည် ဖေးရာန်ယာန်ပ်ုရ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ကပီုန်ဒါင်းမန္တလေး တိုအီးကီုင်းမိုဂူႈကဲ ဒဝ်ဒိုည်ႇအောႏ။

စစ်ကောင်စီက ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်ကစ အပိုင်းလိုက် ကျင်းပမယ်၊ TNLA, MNDAA, KIA နဲ့ UWSA ထိန်းချုပ်ထားတဲ့ မြို့တွေလည်း ပါဝင်နေ

၄ နှစ်ကျော်ကြာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ကြောင်း ထုတ်ပြန်လာပါတယ်။

လေကြောင်း စိုးရိမ်ချက်ကြောင့် မိုးကုတ်မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေ

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို မကြာခဏ ခံနေရတဲ့ တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ လေကြောင်း စိုးရိမ်ချက်ကြောင့် မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်‌တောင်ရွာ စက်တပ် လေထီးနဲ့ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က စက်တပ် လေထီးနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာ‌ကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ Monywa Roads Information- MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် အထိုင်ချထားတဲ့ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေ‌ဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှာ အင်အား ၄၀ ကျော်နဲ့ အထိုင်ချထားတဲ့ စစ်တပ်ရဲ့ ဘော်ဒါကျေးရွာ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်လာပါတယ်။

မူဆယ်-၁၀၅ မိုင်ကြားမှာ စစ်တပ်က ငွေတောင်း ကြမ်းနေ၊ ကားအသေးတစ်စီးကို ၃ သိန်းအထိ တောင်းနေ

စစ်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်-၁၀၅ မိုင်ကြား မူဆယ်မြို့အထွက်မှာရှိတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ငွေတောင်း ကြမ်းနေတယ်လို့ ကိုယ်တိုင် ပေးခဲ့ရတဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

မော်ချီးဒေသ လေကြောင်းကနေ ဗုံး ထပ်ကြဲခံရပြီး ဒေသခံ ၃ ဦး ဒဏ်ရာရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံး ထပ်ကြဲတာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရံပ်ရိုႈဘိုး တကခံပ်ကယည် ပ်ုန်ပ္လိူရ်ႈဟြာင်းဒဲႈ ဖုင်ယဲဆျှိုည်ဖီမျေ ဆငည်းရႎါည်း တောန်နှားနီန်အောႏ။

ဆဒါင်ပ်ုန်နံင်ပ္လိူရ်ႈဟြာင်းဒဲႈ နှားနီန်မိုႈ ~ ဆဒါင် ကောန်အီပ်ုန်အူအီး ဟြာည်ကမာ်ႈဖါ်ႈ ဘံန်ဟောည်ႇလှေင်ဘြည် 3ဆငည်း စီႎီရ်ယိူဝ်း တိုပိုင်းခန္ဓာယံမ်းအ်ုန်