နိုင်ငံရေး၊ စစ်ရေး ဖိအားကြားက PSLF/TNLA ရဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးတိုက်ပွဲ

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ရဲ့ လက်နက်ခဲယမ်းနဲ့ ငွေကြေးအကူအညီရပ်တန့်မှုဟာ ရှမ်းမြောက်မှာ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနေရတဲ့ တအာင်းတပ်မတော်- PSLF/TNLA အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ရေး မြောက်ပိုင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ စစ် ဖက်တပ်များ တစ်ဦးစီ ထိခိုက်ကျဆုံး

မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ် တပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားခါးမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် နာရီစင်အနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

နောင်ပိန်က ဒဏ်ရာရသူနဲ့စစ်ရှောင် ၇၀ ခန့်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာကနေ လားရှိုးမြို့ထဲ စစ်ရှောင်လာတဲ့ ဒေသခံ ၇၀ နီးပါးအတွက် စားနပ်ရိက္ခာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

နမ့်ဆန်မှာ လက်နက် ရောင်းဝယ်သူ ၃ ဦး ဖမ်းဆီးရမိ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ လက်နက် ‌ရောင်းဝယ်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်ဘက်က ဒီနေ့ သြဂုတ် ၂၁ ရက် မနက် ၁ဝ နာရီခွဲမှာ ထုတ်ပြန်လာပါတယ်။

ရွေးကောက်ပွဲ စတင်ကျင်းပမယ့် မြို့နယ် ၁၀၀ ကျော်စာရင်း စစ်ကောင်စီ ထုတ်ပြန်၊ ရှမ်းပြည်နယ်မှာ ၁၂ မြို့နယ် ပါဝင်

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းအတွက် မြို့နယ် ၁၀၂ မြို့နယ် စာရင်းကို မနေ့ သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး ရှမ်းပြည်နယ်မှာ ၁၂ မြို့နယ် ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်မှာ စစ်တပ်ရဲ့ သံချပ်ကာ ကားတစ်စီးကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ ဖျက်ဆီးနိုင်ခဲ့

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကားတစ်စီးကို မနေ့ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ဖျက်ဆီးနိုင်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တမူးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီးနောက် လူငယ်တွေ စစ်မှုထမ်းဖို့ စစ်တပ်နဲ့ပျူစောထီးက ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် လူငယ်တွေ စစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ ပျူစောထီးက ဒီရက်ပိုင်းအတွင်း ရပ်ကွက်တွေမှာ စာရင်း ကောက်ယူကာ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

နမ့်ဆန်မှာ နေအိမ် ဖောက်ထွင်းခိုးယူတဲ့သူခိုးကို တအာင်းရဲတပ်ဖွဲ့ ဖမ်းမိ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာက နေအိမ်တစ်အိမ်ကို ဖောက်ထွင်းပြီး ရွှေနဲ့ငွေ ခိုးယူသွားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်က မနေ့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။