စစ်ကောင်စီတပ်နဲ့ ဒူရကစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့ ထိတွေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၂၀ ဦးထက်မနည်း သေဆုံး
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သင်္ကန်းတုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တတိယအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့ ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကပုဂုတ်ထိပ်လှေအီလေႈဇီုဝ်ဒါင်းနီန် ကပံတ်ဇောႈ၊ လော်ဘီတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျံတ်ဝါဒ ဒါႈမိုႈ TNLA ကဲပဒူႈမဴင်
ဖုင်ယဲဆျှိုည်ဖီမျေ တခေါရ်နံပ် ကပုလှေအ်ုန်အီကတူည်ႇဒဲႈ ဒီဘိူန်းတံပ်ဆီုက်တအာင်းကဲတထိင်ခြဲ မာဝ်းႎင်း ကာည်း ဒီထိင်ခြဲတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပနောင်ခေဝ် လှေအီလေႈဇီုဝ်ဒါင်း ကပုဂုတ်ထိပ်နီန် ကပံတ်ဇောႈအောႏ။
ကန့်ဘလူမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ ၅ ရက်အတွင်း ဒေသခံ ၉ ဦး သတ်ဖြတ်ခံရသလို နေအိမ် ၄၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကြောင်းထိုးပြီး ဒေသခံတွေရဲ့ နေအိမ် ၄၃၀ ကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ဒေသခံ ၉ ဦးလည်း ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က မနေ့ ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မှော်ဆီစာကနေ ဖားကန့်မြို့ထဲကို အင်အားရာချီတဲ့ စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက် ဝင်ရောက်လာလို့ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မှော်ဆီစာကုန်းကနေ ဖားကန့်မြို့ထဲကို ဒီနေ့ ဩဂုတ်လ ၂၅ ရက် မနက်ပိုင်းက အင်အားရာချီတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖောက် ဝင်ရောက်လာလို့ အမျိုးသမီးတစ်ဦးလည်း ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီဘက် သေဆုံးမှုများပြီး စစ်အင်အား ထပ်ဖြည့်တင်းနေ
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ သေဆုံးမှုများ ဖြစ်ပေါ်သလို စစ်အင်အားတွေကိုလည်း ထပ်ဖြည့်တင်းနေတယ်လို့ သိရပါတယ်။