လေညာမြို့ဘက်သို့ ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၀ ဦးထက်မနည်း သေဆုံး
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက်သို့ ဦးတည်တက်လာတဲ့ စစ်တပ်ယာဥ်တန်း ၃ စီးကို တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့ ဩဂုတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မိုင်းရယ်မြို့အဝင်ဂိတ်မှာ ဂိတ်လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်အုပ်စုက ငွေတွေ ကောက်ခံနေတာကြောင့် ကားသမားတွေ အခက်တွေ့
စစ်ကောင်စီတပ် အုပ်ချုပ်နေတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့အဝင်အထွက်ရှိတဲ့ စစ်တပ်ဂိတ်မှာ ဂိတ်လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေက ကုန်ကားသမားတွေထံ ငွေကြေး အဆမတန် ကောက်ခံနေတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်း ဗုံးကြဲခံရမှုမှာ ဒေသခံ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီး
မနေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီဝန်းကျင်မှာ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နေအမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။