ကန့်ဘလူမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေ ကြားဖြတ်တိုက်ခိုက်လို့ ၇ ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်သား ၁၇ ဦးခန့်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ PLA က ဒီနေ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။