ကျောက်မဲ နောင်ပိန်နဲ့ နောင်ပြစ်ရွာမှာ တိုက်ပွဲ ပြင်းထန်နေ၊ ဂုတ်တွင်းတံတားလည်း ပြုပြင်ပြီးပြီလို့ စစ်ကောင်စီပြော

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီးဝန်းကျင်နဲ့ ဂုတ်တွင်းအနီးရှိ နောင်ပြစ်ရွာမှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းက KTV ပိတ်တာကို လူထုတွေ ကြိုဆိုထောက်ခံ၊ PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသမှာ KTV၊ အနှိပ်ခန်းအားလုံးပိတ်ဖို့ ဒေသခံတွေ လိုလားနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ထဲက KTV ပိတ်တာကို လူထုတွေ ထောက်ခံပြီး ကျန်တဲ့ မြို့တွေမှာလည်း KTV၊ အနှိပ်ခန်းအားလုံး ပိတ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ဘုတလင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၃ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တမူးမြို့နယ်မှာ အမျိုးသမီးတွေကိုပါ စစ်ကောင်စီတပ်က စစ်သင်တန်း ပေးနေ

စစ်ကိုင်းတိုင်း တမူးမြို့နယ် မင်းသာကျေးရွာမှာ အမျိုသမီးတွေကို စစ်ကောင်စီတပ်က ကျေးရွာလုံခြုံရေးအတွက် အခြေခံစစ်သင်တန်း ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆေးပေးခန်းတွေ မရှိတာကြောင့် တစ်နှစ်ကို အနည်းဆုံးသေဆုံးသူ နှစ်ဦးနဲ့အထက် ရှိနေတဲ့ တောင်ပေါ်ဒေသ

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်နဲ့ တန့်ယန်းမြို့နယ်အစပ်မှာရှိတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြို့နဲ့လည်း အလှမ်းဝေးပြီး ဆေးရုံဆေးပေးခန်းတွေ မရှိတာကြောင့် တစ်နှစ်မှာ မသေဆုံးသင့်ပဲ သေဆုံးနေရသူ အနည်းဆုံး နှစ်ဦးနဲ့ အထက်မှာ ရှိနေပါတယ်။

မြေပုံမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံရလို့ သေဆုံး

ရခိုင်ပြည် မြေပုံမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ကျောက်မဲနယ်ထဲက ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်ဘက်က လေကြောင်း တိုက်ခိုက်မှု ထပ်လုပ်

ဒီနေ့ စက်တင်ဘာ ၉ရက်နေ့ မနက်အစောပိုင်း ၁နာရီ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ကျောက်မဲနယ်ထဲကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဟည်ဘိအူန်း ဆဴင် KTV ပအေဲမ်ခြီရ် အာဝ်မိူဝ်ႈထာန်ပ္လအူန်း ဆငည်း

TNLA ကဲ ပ္လိူရ်ႈပ္လူႈဆဒိ ကနာည်နံင်ဘိအူန်း KTV ပ်ုန်ႎိူဝ်ႈအူန်းအီး ခေဲင်ကီုင်းအေဲမ်ခြီရ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း PSLF/TNLA ကဲနီန် အာဝ်မိူဝ်ႈထာန်ပ္လအူန်း ဆငည်းအောႏ။

သီပေါနဲ့ လားရှိုးနယ်က ရွာဘက်တွေမှာ ရောက်နေတဲ့ စစ်ဘေးရှောင် အယောက် ၂ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်နဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အယောက် ၂ ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဇာတိမြေကျောက်မဲ ပရဟိတအသင်းက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖားကန့်ဆိပ်မူက ဒေသခံ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိတ်မူဒေသခံ ၇ ဦး ‌ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်ဆီးခဲ့တယ်လို့ ဖားကန့်ဒေသခံဖြစ်တဲ့ Tarlin Mg က ပြောပါတယ်။