ကျောက်တော်မြို့နယ်ထဲရှိ ကိုယ်ပိုင်ကျောင်းတစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား၊ကျောင်းသူ ၁၈ ဦးသေဆုံး၊ ၂၀ ဦးထပ်မနည်း ဒဏ်ရာရ

ရခိုင်ပြည် ကျောက်တော်မြို့နယ်ထဲရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဂေါႇပ္လေါည်ကတီုက်ကပဴင်နီန် တိုအီးအရာပ် ရဝ် 5 ရဝ် အ်ုန်အီဂေါည်ခေဲင်လှံင်သပိတ်ကျင်းနီန် 5 ဟြဲင်လေႈကတူႈဒိုည်ႇဒဝ်

ကဝ်အီနံပ်ဘည်ခူရ်က္လာည်းအရာပ်နီန် က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဂေါႇဘည်ထိုးလီပ်ဒေဲႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်လှံင်သပိတ်ကျင်း တောပ်ပည် ရဝ်ဇရပ်ကွင်း တိုအီးအရာပ် ရဝ် 5 ရဝ်ကဲ 5 ဟြဲင်လေႈကတူႈဒိုည်ဒဝ်အောႏ။

ကလေးမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းစောင်းပုရွာသစ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာကို စစ်ကောင်စီက Y-12 နဲ့ ဗုံး အလုံး ၃၀ ကျော်ကြဲချတိုက်ခိုက်

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာကို စစ်ကောင်စီက Y-12 နဲ့ ဗုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

၁၀၅ မိုင်မှာ သူခိုးက အိမ်ရှင်အမျိုးသားတစ်ဦးကို ဓားနဲ့ ထိုးသတ်၊၁ ပတ်ကြာတဲ့အထိ တရားခံမဖမ်းမိသေး

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် (၁၀၅) မိုင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံရပြီး ၁ ပတ်ကြာတဲ့အထိ တရားခံမဖမ်းမိသေးဘူးလို့ သိရပါတယ်။

မူဆယ်မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် အတက်အဆင်း ဆက်တိုက်လုပ်နေ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် အတက်အဆင်း ဆက်တိုက်လုပ်နေတယ်လို့ သိရှိရပါတယ်။

မတ္တရာက ရှားစေးချက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရခိုင်-မကွေးနဲ့ ရခိုင်-ဧရာဝတီအစပ်တွေကို စစ်တပ်က ထိုးစစ်ဆင်နေ၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ AA ပြော

စစ်ကောင်စီတပ်ဟာ ၎င်းလက်လွတ်ထားရတဲ့ ရခိုင်-မကွေးတိုင်းနဲ့ ရခိုင်-ဧရာဝတီတိုင်း အစပ်တွေကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုများကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ်ထဲ တိုက်ပွဲဆက် ပြင်းထန်နေပြီး စစ်ကောင်စီစစ်ကြောင်း ခိုက်တုန်ဟုန်းရွာအနီးအထိ ရောက်လာ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီထိုရစစ်ဟာ ခိုက်တုန်ဟုန်းရွာအနီးအထိ ရောက်လာပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Public Backs TNLA KTV Ban, Calls for Wider Crackdown

The public is calling on the Ta’ang National Liberation Army (TNLA) to shut down all KTVs and massage parlors in areas under its control, following the group’s recent closure of KTVs in Namhkam, a township under its control in northern Shan State.