နောင်ချို – မိုးကုတ် လမ်းပိုင်းမှာ TNLA နဲ့ စကစ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

မန္တလေး-PDF ရဲ့ အပတ်စဉ် ၁၇ အခြေခံ စစ်သင်တန်း ဆင်းပွဲကျင်းပ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် ၁၇ အခြေခံ စစ်သင်တန်း ဆင်းပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်ပါတယ်။

ရွှေကူမြို့နယ်ထဲရှိ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ ရဲ့ လေ့ကျင့်ရေးနေရာ တစ်ခုမှာ လေကြောင်းဗုံးကြဲခံရလို့ ထိခိုက်သေဆုံးမှုများပြား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးနေရာတစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ည ၁၁ နာရီ ဝန်းကျင်ခန့်က လေကြောင်းဗုံးကြဲခံရလို့ လူအများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

ကျောက်မဲမြို့နယ် နောင်ပြစ်ရွာက ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကိုရင်ကြီးတစ်ပါးပျံလွန်‌တော်မူပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကိုရင်ကြီးတစ်ပါးပျံလွန်‌တော်မူပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံလူထုကော်မတီ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီမြို့ထဲ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဝင်ရောက်လာမယ်လို့ သတင်းထွက်တဲ့နေ့စွဲ ရောက်လာပေမယ့် ဝန်ထမ်းတွေ ဝင်ရောက်လာခြင်းမရှိ

ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ထဲကို ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းထွက်ထားပေမယ့် အဲဒီဝန်ထမ်းတွေ ဝင်ရောက်လာတာမရှိသေးဘူးလို့ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီထိုးစစ်ဆင်နေတဲ့ ကျောက်မဲနယ်မှာ TNLAနဲ့ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် ထုံးဘိုရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သားအမိ ၂ ဦးသေဆုံး

ကချင်ပြည် ဖားကန့်မြို့နယ် ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာမှာ ပန့်ဆီဆိုင်ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွား

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ပန့်ဆီဆိုင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းပညာရေးထီရဲ့ ဩဂုတ်လအတွက် အမြင့်ဆုံး သိန်း ၅၀၀ ဆုကို NUG ရဲ့ မကွေးတိုင်း ဒုတိုင်းတာဝန်ခံ ကို ဝေလင်း ဆွတ်ခူးရရှိ

တအာင်းပညာရေးထီရဲ့ ဩဂုတ်လအတွက် အမြင့်ဆုံး သိန်း ၅၀၀ ထီဆုကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ မကွေးတိုင်း ပြည်သူ့လုံခြုံရေးတပ် ဒုတိုင်းတာဝန်ခံ ကို ဝေလင်း က ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။