မိုးမိတ်နယ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ကလေး ၁ ဦးအပါ ၈ ဦးအထိ ရှိလာ၊ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်လို့ တအာင်းတပ်ထိန်းချုပ်ဒေသမှာ သေဆုံးသူ ၂၈ဦးထိ ရှိလာ
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နယ် ဝဲဘောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသူ ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရှမ်းမြောက်ကို စစ်ရှိန်မြှင့်တိုက်ခိုက်မှုနဲ့အတူ လူမျိုးစုတွေကြား ပဋိပက္ခဖြစ်ပွါးအောင် စစ်ကောင်စီဖန်တီးနေ
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်မှာ စစ်ရှုံးပြီး လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ စစ်ရှိန်မြှင့်ပြီး တိုက်ခိုက်လာနေတာ ၂လကျော်ကြာလာခဲ့ပြီ ဖြစ်ပါတယ်။
ကျောက်မဲနယ် နမ့်မန်းရွာ တံတားကို စစ်ကောင်စီ ဗုံးကြဲ
စစ်ကောင်စီတပ်ဟာ မနေ့ အောက်တိုဘာ ၈ရက်နေ့ က မိုင်းငေါ့မြို့ကို ဗုံးကြဲတိုက်ခိုက်ပြီးချိန် ကျောက်မဲနဲ့မိုင်းငေါ့လမ်းပေါ်ရှိ နမ့်မန်းရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လမ်းပေါ်ရှိ နမ့်မန်းရွာတံတား ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဖါ်ႈပ္လေဘျုင် ပရဝ်အီဂေါည်ခေဲင် အရာပ်မာဝ်းႎံင်းနီန် ဂေါႇမိုႈအ်ုန်ငျား ခိင်ကစုတိုအီး ဆငည်းဆဒါင်း စီပဲန်တောပ်ပည်ကောန်ကညောမ် တိုအီးယံမ်းဖါ်ႈ 10အီး ဘာတ် 3အီး
ဖုင်ယဲဆျှိုည်ဖီမျေ တခေါရ်နံပ် မိုႈတ ဂေါႇတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ်ဒေဲႈပျောႈဟာဝ်း ပ္လေဘျုင် ခေဲင်ရဝ်မယ်ဟုန် အ်ုန်အီဂေါည်ရီမ်းကီုင်းမိူင်းလိုင် လှံင်မာဝ်းႎံင်း ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – PSLF/TNLA ကဲ စီပဲန်တောပ်ပည်ကောန်ကညောမ် တိုအီး 10အီး ယံမ်းဟာဝ်းပွံတ် ဒီဒီန်အူစာ်န်းအောႏ။
သီပေါမြို့နယ်ဘက်ကို စစ်ကောင်စီထိုးစစ်ဆင်၊ ကျောက်မဲ–သီပေါကြားရှိ လွယ်ခေါ်ရွာမှာ တိုက်ပွဲပြင်းထန်နေ
ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော်–TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ဘက်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။