ပလာဆေဝ် တိုအီးကဲအီကိုင်းဒါလာက်နာက်နီန် အူခမို ဘရူမ်ဖါ်ႈကားအူကြောင် စိုန်မှာတ်ဟာဝ်း ကာင်းအူကြောင်
တိုအီးခေဲင်အရာပ် ကဝ်အီဂေါည်ပလာဆေဝ်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ တိုအီးကဲအီကိုင်းဒါလာက်နာက်နီန် အူခမို ဘရူမ်ဖါ်ႈကားအူကြောင် စိုန်မှာတ်ဟာဝ်း ကာင်းအူကြောင်နီန် ပလာဆေဝ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲအောႏ။
သီပေါမြို့အနီး ခါလိန်ရွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်လာပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့အနီး ခါလိန်ရွာအထိ ရောက်ရှိလာပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖော့တော့လမ်းဆုံကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် မိုးကုတ်မြို့ကို ထိုးစစ်ဆင်လာ
မန္တလေး- မိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ သပိတ်ကျင်းမြို့နယ် ဖောတော့လမ်းဆုံကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ဘက် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။
ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို စစ်ကောင်စီထံ ပြန်လွှဲပေး
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို အိန္ဒိယစစ်တပ်က စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
မြောင်က ဇရပ်ကုန်းရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ်(T.G.R) ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။