လက်ပံတန်းမြို့နယ်က စစ်တပ် စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ ၂၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦး ဖမ်းမိ
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာဘက်မှာ မီးရှို့ဖျက်ဆီးဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးလည်း ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
၃ လနီးပါးကြာ စစ်ဘေးရှောင်နေရတာကြောင့် ကလေး – တမူးကားလမ်းတလျှောက်က ဒေသခံ ၁ သောင်းနီးပါး အရေးပေါ်အကူအညီတွေ လိုအပ်နေ
စစ်ကောင်စီလက်ချက်နဲ့ ၃ လနီးပါးကြာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေး – တမူး ကားလမ်းတလျှောက်က ဒေသခံ ၁ သောင်းနီးပါးဟာ အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့စစ်ရှောင်ကူညီပေးနေသူတွေကပြောပါတယ်။
ဟားခါးမြို့က ပြည်နယ်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းတာကြောင့် စစ်ကောင်စီ ၆ ဦးသေဆုံးပြီးအချုပ်သား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့
ချင်းပြည်နယ် ဟားခါးမြို့က ပြည်နယ်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ အချုပ်သား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။