တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျော;ဟာဝ်းပ္လေဘျုင် ခေဲင်လှံင်အိုမ်ယ်ုရ်၊ ဒီဘြေ့အ်ုန် တိုအီးခေဲင်အရာပ်ကဲ ယံမ်းဟာဝ်း 3အီး

ဘိူန်းအယ်နံပ် မို;တ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျော;ဟာဝ်းဖါ်;ပ္လေဘျုင် ကဒည်ရဝ်ကွံန်ဟာည် ဒီကစုဂီုန်းကြောင်ဂါင် အ်ုန်အီမို; ဒီပ်ုန်ထိင်အူန်း တံပ်ဆီုက်တအာင်းကဲ ဒီဘြေ့အ်ုန် တိုအီးခေဲင်အရာပ် ဟည်ယံမ်းဟာဝ်း 3အီးအော။

ကွမ်ဟယ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ အမျိုးသမီး ၃ ဦး ထပ်တိုး၊ သေဆုံးသူ ၆ ဦး ရှိလာ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦး ထပ်တိုးလာတဲ့အတွက် သေဆုံးသူ ၆ ဦးအထိ ရှိလာတယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါ-နမ္မတူလမ်းပေါ်ရှိ ခလရ ၂၃ အထိ စစ်ကောင်စီတပ် ရောက်ရှိလာ၊ ခမရ ၅၀၃ နဲ့ ၅၀၄ မှာ တအာင်းတပ် ဆက်ရှိနေ

စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် သီပေါ-နမ္မတူလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ၂၃ တပ်အထိ ရောက်ရှိလာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

UWSA အနေနဲ့ ဝ ပြည်နယ် လိုချင်ရင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ တောင်းဆိုဖို့ စစ်ကောင်စီပြော

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝ ပြည်နယ် လိုချင်ရင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ တောင်းဆိုဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

ကျောက်မဲ-မိုင်းငေါ့လမ်းပေါ်ရှိ ၁၁ မိုင်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ ဘုန်းကြီး ၁ ပါး အပြင်းအထန် ဒဏ်ရာရ

ကျောက်မဲ-မိုင်းငေါ့ လမ်းမပေါ်ရှိ (၁၁)မိုင်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးတွေ ထိမှန်ပျက်စီးခဲ့ပြီး ဘုန်းကြီး ၁ပါးလည်း ထိခိုက်ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။

နမ့်ဆန် ကွမ်ဟယ်ရွာကို စစ်ကောင်စီတပ် ဗုံးထပ်ကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူများ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာအလယ်ထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ် သစ်ချို‌ရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ချိုရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်း သတင်းနှင့်ပြန်ကြားရေ တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကိုပြောပါတယ်။

TNLAနဲ့စစ်ကောင်စီတို့ ကျောက်မဲ၊သီပေါတိုက်ပွဲမှာ ဘယ်ဘက်ကိုမှ ဝင်ရောက်စွတ်ဖက်ခြင်းမရှိခဲ့ဘူးလို့ SSPPပြော

စစ်ကောင်စီထိုးစစ်ဆင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော်-TNLA မီဒီယာတွေမှာ ပြောဆိုထားတဲ့အပေါ် SSPPက ကန့်ကွတ်ရှုတ်ချတယ်လို့ SSPPက ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆားလင်းကြီးမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ရွာပေါင်း ၂၅ ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲမှု၊ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Junta Seizes Most of Hsipaw, Clashes Persist on Outskirts

Myanmar junta forces have regained control of most areas in Hsipaw Township, northern Shan State—previously held by the Ta’ang National Liberation Army (TNLA)—while clashes continue to erupt on the outskirts, according to the residents.