ပျက်စီးသွားတဲ့ တံတားတွေ မပြုပြင်သေးတာကြောင့် နမ္မတူ-မိုင်းဘော်လမ်းပိုင်း ကား ဖြတ်သန်းသွားလာလို့ မရသေး
ရေ တိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ တံတားတွေကို ပြန်မပြုပြင်သေးတာကြောင့် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်နဲ့ မန်တုံမြို့နယ် မိုင်းဘော်ကျေးရွာဘက် ဆက်သွယ်ထားတဲ့ တံတားတွေ မပြုပြင်ရသေးဘူးလို့ သိရပါတယ်။
ပြင်ဦးလွင်မှာ ရောက်ရှိနေတဲ့ စစ်ရှောင်တချို့ နေထိုင်တဲ့အိမ်တွေကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းတာတွေ လုပ်နေ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေတဲ့ စစ်ရှောင်တွေ နေထိုင်တဲ့အိမ်တချို့ကို စစ်ကောင်စီတပ်က နေအိမ်အထိ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို စစ်ကောင်စီ ပြန်ထိန်းချုပ်၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာအများစု ပြန်လက်လွှတ်နေရ
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီး ရေလှောင်တမံကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်ခဲ့
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မူဆယ် နမ့်လောင်းရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး စစ်မှုထမ်းလည်း လုပ်ရမယ်လို့ SSPP အမိန့်ထုတ်
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်လောင်းကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က အမိန့်ထုတ်ထားပါတယ်။