ကန့်ဘလူ ကျီကျင်းရွာက နေအိမ်တွေကို စစ်တပ်နဲ့ ပျူစောထီး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာက ဒေသခံရဲ့ နေအိမ်တွေကို စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားက ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်က ပွဲဈေးတန်းရှေ့မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

RCSS ဖမ်းဆီးသွားတဲ့ ပင်းတယက လူငယ်အမျိုးသား ၂၀ ကျော် ပြန်မလွှတ်သေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က ဖမ်းဆီးသွားတဲ့ ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့နယ်ထဲက လူငယ်အမျိုးသား ၂၀ ကျော်ကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်က ၄ မိုင် ရှည်လျားတဲ့ ကွမ်းလုံမြို့ရှောင်လမ်းအသစ် ဖောက်လုပ်မယ်

ကိုးကန့်တပ်- MNTJP/MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမှာ ယဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ဖို့ မြို့ရှောင်လမ်းအသစ် ဆောက်လုပ်သွားမယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

ဒီပဲယင်းမြို့နယ်က ကျေးရွာ ၂ ရွာကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

Damaged Bridges Block Namtu-Mine Baw Road Section

The bridges connecting Namtu Township and Mine Baw Village in Manton Township—areas under the control of the Ta’ang National Liberation Army (TNLA)—remain unrepaired after being damaged by flooding and erosion, according to the residents.

ပအေဲမ်ကိုက် ကညာဆဴင်ကအူအီး ရီန်ဒေလီလာနဘာည်းတ ကဝ်အီရေဲန်ဇီုင်းခေဲင်ဆဴင်

ကဝ်အီကဒံပ်တောပ် အီရေဲန်ဇီုင်းကာန်ခေဲင်ဆဴင်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ကပီုန်ဆျှံမ်ကဒါႇပိုည် ပကီုင်းအေဲမ်ကိုက်နီန် ကညာဆဴင်ဂ်ုပ်ကိင်အူအီး ရီန်ဒေလီလာနဘာည်းတ ကဝ်အီရေဲန်ဇီုင်းခေဲင်ဆဴင် ကောန်အီပ်ုန်အူအီးအောႏ။

ရံပ်ရိုႈဘိုး တကခံပ်ကယည် ဟံမ်းဆဒါင်ကာည်း အရာင်ရည်း ပ်ုန်ပ္လိူရ်ႈဟြာင်းဒဲႈ ဖုင်ယဲဆျှိုည်ဖီမျေ ဆငည်းရႎါည်း တောန်နှားနီန်အောႏ။

ဆဒါင်ပ်ုန်နံင်ယိူဝ်းအယ်တ တငါဝ်းနှားနီန်မိုႈ ~ ဆဒါင် ပမာဝ်းႎံင်း ဂါင်ဂေါည်အီးမံင်ခ္လ ဟည်ကတူႈဘိုးကဲဘိဟာဝ်း စွဲဒါႈမိုႈ ကဲမိူဝ်ႈဘည်ကတူည်ႇကႎှတောပ် တံပ်ဆီုက်တအာင်းကဲ။

မိုးကုတ်လမ်းကနေ ကျောက်မဲအဝင်မှာ တအာင်းလူမျိုးကို စစ်တပ်ဘက်က ဖြတ်သန်းသွားလာခွင့်မပြု

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကနေလာတဲ့ ခရီးသည်တွေထဲက တအာင်းလူမျိုးကို ကျောက်မဲမြို့အဝင်မှာ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ ဖြစ်စဉ်သိရှိသူတစ်ဦးဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့ ထုတ်ပြန်

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ မွန်ခမာမျိုးနွယ်ဖြစ်တဲ့ “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။