ကျောက်မဲမှာ တော်လှန်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတစ်ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်မှာ တအာင်းတပ်- TNLA အပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး နောက်ထပ် အမျိုးသားတစ်ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း စကားများရာကနေ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး သေဆုံး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ပြည်သူ့စစ်အချင်းချင်း စကားများရာကနေ ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်က ရွှေဆိုင်တစ်ခုကို သေနတ်ကိုင်တဲ့ အမျိုးသား ၂ ဦးက ဓားပြဝင်တိုက်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့က ရွှေဆိုင်တစ်ခုထဲ သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးက ဓားပြဝင်တိုက်လို့ ရွှေတွေ ပါသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ကျော် AA ဖမ်းဆီးရမိ

ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ် တိုက်ပွဲတွေမှာ အလင်းဝင်လာသူအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပ်ုန်တိုည်းဟာဝ်း RCSS ကဲ ကောန်တဘိုက် ပင်းတယ ကောန်အီမာည်း 20 အီး ညှံမ်လောတ်ဒေဲ;

ဘိူန်းအယ်နံပ်တ တိုအီးအရာပ်ကဲက္လာင်းဒါ; ဆီုက်ဆျှံမ် RCSS ကဲ ကံပ်ရောတ်ကဇေန်နီး ညှံမ်ပ္လေ;ဒေဲ;စိ ကောန်တဘိုက် ခေဲင်လှံင်ပင်းတယ ပကပီုန်ဆျှံမ်ကဒါ,က်ြုမ် ပ်ုန်တိုည်းဟာဝ်းကဲ ကောန်အီမာည်း 20 အီးဒိူန်အောႏ။

ကနီမြို့နယ် ဝင်းမနားရွာက ဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ လူနာ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့မြောက်ခြမ်း ဝင်းမနားရွာက ဆေးရုံတစ်ခုကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်ကနေ မဆုတ်ခွာခင် တအာင်းတပ်က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်ခွင့် ပေးထား

စစ်ကောင်စီကို ပြန်ပေးမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်- PSLF/TNLA က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်မှု ခွင့်ပြုပေးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပကဖပြော

တအာင်းတပ်မတော်- PSLF/TNLA က စစ်ကောင်စီကို ပြန်ပေးမယ့် ရှမ်းမြောက် မိုးမိတ်မြို့ကို စစ်ကောင်စီလက်အောက် မရောက်အောင် ခုခံကာကွယ်သွားမယ်လို့ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေကြီးမှုတွေကြောင့် ပျက်စီးသွားတဲ့ နမ္မတူမြို့နယ်ထဲက စိုက်ခင်းများ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းတက်ရွာမှာ စပါး၊ ပြောင်းဖူး၊ ပဲသီး စိုက်ခင်း ဧက ၅၀ ကျော် ပျက်စီးခဲ့ပါတယ်။

ဖားကန့်မြို့နယ် ကထန်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အမေဖြစ်သူ သေဆုံးပြီး ၃ နှစ်အရွယ် သားဖြစ်သူက ပြင်းထန်ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကထန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။