တိုအီးရေဲန်ဇီုင်းကုင်ကပိုမ်ဘြာန် ကဲအီဒါႈနံင်ဟာဝ်းရေဲန်ဇီုင်း ကဒါႇကုင်ခယ်ကဲနီန် ဘိူန်းဘ်ုပ်ဒဲႈရိူန်း တကညာအပြီးကဲ ပေန်ကိူရ်ဆဲန်မာ် ကနာည်နံင်ဘိူန်းဇီုင်းနီန် အာဝ်နှဲန်မ
ကဝ်အီနံပ်ဘည်မိုႈဘည်ဘာည်းနီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ မိူဝ်ႈအေ့ ဘည်မှာန်း ကညာအပြီးကဲ တတိုအီးရေဲန်ဇီုင်း ကဲအီယိူဝ်ႇကဒါႇကီုင်းမူစယ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈကအူရ် ကုင်ခယ်ကာည်း ကုင်ကပိုမ်ဘြာန် ဒါႈနံင်ဟာဝ်းရေဲန်ဇီုင်းပကုင်ခယ်ကဲဒိူန် ရိူန်းယူန် 3ဟြဲင် (ရိူန်းဘြာန် 18ဆဲန်) အောႏ။
ရသေ့တောင်မြို့နယ် ချိန်ခါလီရွာမှာ စစ်ရှောင် အမျိုးသမီး ၄ ဦး ရေနစ်သေဆုံး၊ ရွာခံမဟုတ်လို့ သဂြိုလ်ခွင့်မပေး၊ ရေထဲမျောရမယ်လို့ ဆို
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှာ စစ်ရှောင် အမျိုးသမီးငယ် ၄ ဦးက ရေနစ် သေဆုံးသွားခဲ့ပြီး ချိန်ခါလီရွာခံ မဟုတ်တာကြောင့် မီးသဂြိုလ်ခွင့်မပေးဘူးလို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖားကန့်မြို့နယ် လယ်ပြင်ကနေ ၅မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့်လာတဲ့ စကစ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်နေ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်ကနေ ၅ မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ နဲ့ KIA ပူးပါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွဆီက သိရပါတယ်။
PSLF/TNLA ထိန်းချုပ်နယ်မြေမှာ ကားလိုင်စင် ပြုလုပ်ပေးမှာဖြစ်ပြီး ၂ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ ဝန်ဆောင်ခ ပေးရမယ်လို့ ပြော
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေမှာ ကားလိုင်စင်တွေ ပြုလုပ်ပေးမှာဖြစ်ပြီး ၂ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ ဝန်ဆောင်ခပေးရမယ်လို့ တအာင်းတပ်က ဒီနေ့ မေလ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
မုဒုံမြို့နယ် ရောင်းဒေါင်းရွာအနီးရှိ စစ်ကောင်စီ အမြှောက်တပ်(၃၁၈)ကို NMSP-AD တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ
မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်(၃၁၈)ကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။