UWSA executes a rapist and a murderer in Mongpauk

‎The United Wa State Army (UWSA) executed two men in Mongpauk city, Wa State, a de facto independent state and self-governing region in northern Shan State, on May 22, according to residents. One man was executed for raping a young girl, and the other for murder.

ဂေါႇမိုႈဘြည်က္လာည်းကစံပ် ပတာချှီလိက် စီပေန်ပဲန် အိုမ်ဒါင်းအိုမ်ဟိုက်

တိုအီးခေဲင်အရာပ်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ ဂေါႇမိုႈဘြည်က္လာည်းကစံပ် ပကီုင်းတာချှီလိက် စီပေန်ပဲန် အိုမ်ဒါင်းအိုမ်ဟိုက် ခေဲင်ဇံင်မံင်ခ္လ။

ဝေးလံခေါင်ဖျားပြီး သောက်စရာဆေးတောင် မရှိတဲ့ ရွှေလီမြစ်ကမ်းဘေးက ကျိုင်းတောင်ရွာ

ဝေးလံခေါင်ဖျားလွန်းပြီး ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ ရွှေလီမြစ်ကမ်းဘေးရှိ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်အစပ် မန်တုံမြို့နယ် ကျိုင်းတောင်ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို ရွှေဖီမြေ သတင်းထောက်တွေက ကွင်းဆင်းပြီး သတင်းရယူခဲ့ပါတယ်။

ဘောလခဲမြို့အနီးရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ ဖားဆောင်း PDF တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

ကရင်နီပြည် ဘောလခဲမြို့အနီးရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းသိမ်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ မေလ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ် ကျွန်းကြီးရွာက မင်္ဂလာပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ရွှေကျင်မြို့နယ်ထဲက မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

စစ်ကောင်စီရဲ့ အမြှောက်တပ်တွေတည်ရှိရာ တောင်းခမ်းကျေးရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲကြောင့် လိုင်ဇာက KTV ဆိုင်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်နဲ့ Melody ဆိုင်အားလုံး လက်ရှိအခြေအနေပေါ် မူတည်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနက အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

‎မိုင်းပေါက်မှာ အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှု ကျူးလွန်သူနှစ်ဦးကို UWSA က သေဒဏ် ချမှတ်

“ဝ”ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ကျူးလွန်သူတစ်ဦးနဲ့ လူသတ်မှု ကျူးလွန်သူတစ်ဦးကို UWSA က ပြီးခဲ့တဲ့ မေလ ၂၂ ရက်က သေဒဏ် ချမှတ်ခဲ့ပါတယ်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမှာ စစ်ကောင်စီတပ်၊ PNO နဲ့ ကရင်နီ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ၊ ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းတောင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNO နဲ့ ကရင်နီ တော်လှန်ရေးတပ်တို့ တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်-လာအိုနယ်စပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီး ၂ ဦး မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေ

မန္တလေးတိုင်း မတ္တရာမြို့နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်နဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဟာ တရုတ်-လာအိုနယ်စပ် ခွန်မင်းမြို့မှာ လူကုန်ကူးခံရပြီး လက်ရှိ ၎င်းတို့ရဲ့ မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေတယ်လို့ လားရှိုးအခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ FYO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။