တာချီလိတ်မြို့ မယ်ဆိုင်ချောင်းမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောမြို့နယ် ကျောက်ထုတိုက်နယ်က ကိုယ်ဝန် ၅ လ လွယ်ထားတဲ့ အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်က ကျောက်ထုတိုက်နယ် ကျောက်ထုရွာမှာ ကိုယ်ဝန် ၅ လ လွယ်ထားတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယောဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တပ်သားသစ် အစားထိုးပို့ပေးပေမယ့် ဖမ်းဆီးသွားတဲ့ မိုင်းကိုင်က အမျိုးသမီး ကလေးငယ် ၂ ဦး တစ်ပတ်ကျော်ကြာတဲ့အထိ SSPP ပြန်မလွှတ်ပေးသေးပဲ နောက်ထပ် တပ်သားသစ်တစ်ဦး တောင်းပြန်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ထွက်ပြေးသွားတဲ့ တပ်သားအစား ရွာခံတွေက တပ်သားသစ်တစ်ဦး ပြန်ထည့်ပေးပေမယ့် ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ် ၂ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီပြော

ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အသိပေးထားတယ်လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ AA ရဲ့ စစ်မှုထမ်းကိစ္စ ဆန္ဒပြတဲ့ အရပ်သား ၅၀ ကျော် ဖမ်းခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်မှာ အာရက္ခတပ်တော်(AA) ရဲ့ စစ်မှုထမ်းကိစ္စ ဆန္ဒပြတဲ့ အရပ်သား ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး တစ်ပတ်အကြာထိ ပြန်မလွတ်ပေးသေးဘူးလို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ မိုင်းလားတပ်-NDAA ဒုဥက္ကဌတွေ့ဆုံ၊ ဘယ်နိုင်ငံရေးအဖွဲ့ကိုမှ လက်ခံထားတာမရှိဘူးလို့ မိုင်းလားတပ်ပြော

ရှမ်းအရှေ့ ကျိုင်းတုံမြို့ရှိ စစ်ကောင်စီရဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေချိန် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်-NDAA ဒုဥက္ကဌ ဦးစန်ပေ့နဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ်က ပအဖ တာဝန်ခံ တစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်သတ်

‎စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ဘက်တော်သားမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကိုင်းက စစ်ခေါင်းဆောင်ရဲ့ နေအိမ် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့

စစ်ကိုင်းမြို့ပေါ်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့နေအိမ်ဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသက စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ CDM ဆရာ၊ဆရာမ တွေဖိတ်ခေါ်နေ

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ဒေသက စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ CDM ဆရာ/မ တွေဖိတ်ခေါ်ကြောင်း မနေ့ မေလ ၂၅ ရက်မှာ ကိုးကန့်တပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။

မူဆယ်မြို့ စွမ်စော်က လမ်းသွားတဲ့ အမျိုးသမီးကို လူတစ်စုက သေနတ်ထောက် လုယက်၊ ပိုက်ဆံအိတ်၊ဖုန်း၊ရွှေတွေပါသွား

တရုတ်-မြန်မာ နယ်စပ် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ လမ်းသွားနေတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်စုက လုယက်သွားခဲ့ကြောင်း စွမ်စော်ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။