လားရှိုးမြို့ပေါ်က စာသင်ကျောင်းတွေ စစ်ကောင်စီ စတင်ဖွင့်လှစ်၊ လုံခြုံရေး စိုးရိမ်လို့ ကျောင်းတက်တဲ့ကလေးဦးရေ လျော့ကျနေ

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အခြေခံပညာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် ကျောင်းတက်တဲ့ ကလေးဦးရေ လျော့ကျနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

Residents Oppose MNDAA Checkpoint on Religious Site in Kutkai

Residents are objecting to the Myanmar National Democratic Alliance Army (MNDAA)’s construction of a checkpoint on a religious site in Ho Kho Village, Pan Kai Pan Law village tract, Kutkai Township, northern Shan State, according to the villagers.

ဒီဘိူန်းတံပ်ကိုကာင်ကဲတထိင်ခြဲ ပမုံးကိုး ခေဲင်ရဝ်ပေန်ခ္လဒိူန် ဂေါႇမိုႈကဲဘိအူန်းကျောင် ဟည်ဘိူန်း 5 ဆန်ုမ် တိုအီးခေဲင်အရာပ်ကဲစီ မှာန်းဒါႈဆိင်ဒဲႈအေ့ ကဲႎီရ်ႎိူဝ်ႈဒဲႈကျောင်

ဒီဘိူန်းတံပ်ကိုကာင် MNDAA ကဲတထိင်ခြဲ ကပီုန်ဆျှံမ် ကဒါႇပိူည် လှံင်မူစယ် ရဝ်အ်ုန်အီဂေါည် ခေဲင်ကီုင်းမုံးကိုး ပေန်ခ္လကဲဒိူန် ဂေါႇမိုႈ ကဲဘိအူန်းကျောင် ဟည်လှေင် 5 ဆန်ုမ် ဂေါႇဘည်ဒီန် တိုအီးအရာပ်ကဲမှာန်းဒါႈ ဆိင်ဒဲႈအေ့ကဲႎီရ်ႎိူဝ်ႈဟာဝ်းကျောင်နီန်အောႏ။

ဖားကန့်က ကုမ္ပဏီ ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့နေ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ မနေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးက ကုမ္ပဏီတစ်ခုနဲ့ ဆန်ခါဘက်က ကုမ္ပဏီတစ်ခုကို ဒီနေ့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်းက စစ်ကောက်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်ကောင်စီတပ်က စဥ့်ကူးမြို့ပေါ် ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်

စစ်ကောင်စီတပ်ဟာ အပစ်ရပ်သက်တမ်းတိုးထားပေမဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင် ၂ လုံး ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ၁ လအတွင်း TNLA ထိန်းချုပ်ဒေသထဲက အရပ်သား ၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေမှာ စစ်ကောင်စီကြောင့် ၁ လအတွင်း အရပ်သား ၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။

ကွတ်ခိုင်နယ် သာသနာ့မြေနေရာမှာ ကိုးကန့်တပ်က စစ်ဆေးရေးဂိတ် ဆောက်လုပ်နေလို့ ဒေသခံတွေက ကန့်ကွက်နေ

ကွတ်ခိုင်မြို့နယ် မိုင်းယုလေးဒေသ ပန်ကိုင်ပန်လောအုပ်စု ဟိုခိုရွာက သာသနာ့ပိုင်နယ်မြေထဲကို ကိုးကန့်တပ် MNDAA က စစ်ဆေးရေးဂိတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အပစ်ရပ်သက်တမ်းထိုးထားတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်က နောင်ချိုမြို့အနီး ကံကြီးရွာမှာ တိုက်ပွဲပြင်းထန်နေ၊ ၂ ဖက်ထိခိုက်သေဆုံးမှုများ

ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမယ့် ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ ဌာနဆိုင်ရာယာဥ်အပါအဝင် သံဃာတော်တွေစီးတဲ့ လိုင်စင်မဲ့ယာဉ်တွေပါ ဖမ်းဆီးနေ

ရှမ်းတောင် တောင်ကြီးမြို့ပေါ်မှာ ဌာနဆိုင်ရာ၊ အရပ်သားနဲ့ သံဃာတော်တွေ စီးတဲ့ကား၊ ဆိုင်ကယ်တွေကို စစ်ကောင်စီနဲ့ ယာဉ်ထိန်းရဲတွေက ပူးပေါင်းဖမ်းဆီးနေတယ်လို့ တောင်ကြီးရောက် အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့အနီးရှိ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ကျေးရွာ ၂၀ မှာ အခြေခံပညာကျောင်း ဖွင့်လှစ်သွားမယ်

ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ကျေးရွာ ၂၀ မှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်သွားမယ်လို့ ကိုးကန့်တပ်က မနေ့ ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။