ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေမထားဖို့နဲ့ မစီးဖို့ စစ်ကောင်စီပြင်းပြင်းထန်ထန်သတိပေးထား
ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားရှိဖို့နဲ့ စီးနင်းမှုတွေမလုပ်ဖို့စစ်ကောင်စီက ပြင်းပြင်းထန်ထန်သတိပေးညွှန်ကြားထားတယ်လို့ မန္တလေးကသံဃာတော်တွေက ရွှေဖီမြေကို မိန့်ဆိုပါတယ်။