ဟားခါးမြို့မှာ ၃ လကြာ လျှပ်စီးမီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ် အခကြေးငွေပေးပြီး အားသွင်းနေရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မတ်လကတည်းက လျှပ်စစ်မီး ပြတ်တောက်တာကြောင့် ဖုန်းနဲ့ ပါဝါဘဏ်တွေကို အခကြေးငွေပေးပြီး အားသွင်းနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း နောင်ချိုမြို့အနီး ကံကြီးရွာထဲအထိ ရောက်လာ၊ TNLA ဘက်က အပြင်းအထန်ခုခံနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီး ကံကြီးရွာအထိ ရောက်လာပြီး TNLA ဘက်က အပြင်းအထန်ခုခံနေလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဖားကန့်မှာ လက်နက်ကြီးကြောင့် ကလေး ၄ ဦးအပါဒေသခံ ၉ ဦးသေဆုံးပြီး နေအိမ် ၃ လုံးမီးလောင်ပြာကျ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာရပ်ကွက်မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ကလေး ၄ ဦးအပါ ဒေသခံ ၉ ဦး သေဆုံးပြီး နေအိမ် ၃ လုံးမီးလောင်ပြာကျသွားခဲ့တယ်လို့ ဖားကန့်ဒေသခံ တစ်ဦးက ရွှေဖီ‌မြေ ကို ပြောပါတယ်။

ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေက ဒေသခံတွေကို အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ပါ ပြုလုပ်ပေး

ကိုးကန့်တပ်-MNDAA ထိန်းချုပ်နယ်မြေက ဒေသခံတွေကို အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ပါ ပြုလုပ်ပေးကြောင်း ‌ဒေသခံတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းအေဂျင်စီ ဖွဲ့စည်းတည်ထောင်ခြင်း (၆)နှစ်ပြည့်

၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရွှေဖီမြေ သတင်းအေဂျင်စီ – SPM သည် ယနေ့ ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်တွင် (၆)နှစ်ပြည့်ပြီဖြစ်သည်။

MNDAA-issued Residence Cards Enable China Border Pass Applications

Residents living in townships controlled by the Myanmar National Democratic Alliance Army (MNDAA) can now apply for Border Pass books to enter China, using residence cards issued by the armed group, according to the residents in Kunlong Township, northern Shan State, to Shwe Phee Myay.

ဆောနယ်က ညောင်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ညောင်ကန်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

အပစ်ရပ် ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ သပိတ်ကျင်းက ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖရဲ့ သတင်းတာဝန်ခံ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာငံလွှတ်တော်အမတ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ သေဆုံးခဲ့ကြောင်း ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမင်းကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် ၅ လအကြာမှာ သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအတွက် စိတ်ဓာတ်ပိုင်းအရ အရေးပါတဲ့ နောင်ချိုစစ်မျက်နှာ

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်လွတ်ခဲ့ရတဲ့ မြို့တွေထဲမှာ တရုတ်ရဲ့အကူအညီနဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်ရတာလွှဲပြီး စစ်ရေးနည်းနဲ့ ပြန်တိုက်ယူနိုင်တဲ့ မြို့ မရှိသေးပါဘူး။