နောင်ချိုမြို့အနီး ကံကြီးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ထံလက်လွှတ်ခဲ့ရတဲ့ နေရာအချို့ကို TNLA ပြန်ထိန်းချုပ်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီး ကံကြီးကျေးရွာမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ထံ လက်လွှတ်ခဲ့ရတဲ့ နေရာအချို့ကို TNLA ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်နယ် ဆိပ်မူမှာ ယမ်းသိုလှောင်ထားတဲ့နေရာတစ်ခုကို စစ်ကောင်စီ ဒရုန်းနဲ့ဗုံးကြဲ

ဖားကန့်မြို့နယ်၊ ဆိပ်မူရွာမှာ ဒီနေ့ ဇွန်လ ၉ ရက် မနက် စောပိုင်း ၁ နာရီ ဝန်းကျင်ခန့်က ယမ်းသိုလှောင်ထားတဲ့ ခြံဝင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲရာက ပေါက်ကွဲပြီး မီးလောင်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Civilian Injured by Junta Shelling in Nawnghkio

The junta’s military has continuously fired artillery shells into Nawnghkio, one of the townships controlled by the Ta’ang National Liberation Army (TNLA) in northern Shan State, injuring a civilian, residents told Shwe Phee Myay.

ကနာည်နံင်ဘြဲဆား ဒေင်အိုမ်ခြီရ်- နမ့်ဖက်ကာနီန် ကဲနံင်ဘိအူန်း ဘည်ခ္လေါႈကားဒါင်းကဲ အူကဇေန်

တံပ်ဆီုက်တအာင်းကဲ ပ္လိူရ်ႈလေႈဒါႈ ဒေင်အ်ုန်အီကတူည်ႇဒဲႈ ဒီပ်ုန်ထိင်ခြဲ တံပ်ဆီုက်တအာင်းကဲ ကီုင်းအိုမ်ခြီရ် ကာည်း ဒီထိင်ခြဲတံပ်ဆီုက်ခါင်ကဲ ဒေင်နမ့်ဖက်ကာနီန် ကနာည်နံင်ဘြဲဆားကဲတဒေင်နီန် ကဲဘိအူန်းဘည်ခ္လေါႈကားဒါင်း အ်ုန်အီဂေါည် 12 ပေလေႈနီန် အူကဇေန်အောႏ။

နောင်ချိုမြို့အနီး စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီးရှိ ရှောက်ခြုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သံတွဲမြို့နယ်က စစ်ရှောင်စခန်းအပါအဝင် ၃ နေရာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ဘေးရှောင်စခန်းအပါအဝင် နေရာ ၃ နေရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာ၊ ယွမ် ၅ သိန်းအထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်ပေး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာပြီး ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ၅ သိန်း (ကျပ်သိန်း ၅ ထောင်)အထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ကိုးကန့်ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပါ လုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နမ့်ခမ်း-နမ့်ဖတ်ကာလမ်း ပြုပြင်ဖို့ ကားကြီး သွားလာခွင့် ယာယီ ပိတ်မယ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကနေ ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာသို့ ဆက်သွယ်ထားတဲ့လမ်းကို ပြုပြင်ဖို့ ၁၂ ပေအထက်ရှည်တဲ့ ကားကြီး သွားလာခွင့် ယာယီ ပိတ်ထားမယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

Nawnghkio Faces Intense Clashes as Junta Troops Draw Closer

Junta military troops, currently on an offensive north of Nawnghkio Township in northern Shan State, have reached Kangyi village, where the Ta’ang National Liberation Army (TNLA) is offering intensive resistance, leading to heavy clashes.

နောင်ချိုမြို့တွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။