ဂေါႇပ္လေါည်ကတီုက်ကပဴင် ရီမ်းပြောကီုင်းနော်င်ခေဝ် စီပဲန် တိုအီးဂေါည်ခေဲင်ကီုင်းနော်င်ခေဝ်ကဲ ဟည်ရာမ်ဒဝ်ႎဲႈဒိုည်ႇ

တိုအီးဂေါည်ခေဲင်ကီုင်းနော်င်ခေဝ်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ ဂေါႇပ္လေါည်ကတီုက်ကပဴင် ရီမ်းပြောကီုင်းနော်င်ခေဝ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – PSLF/TNLA ကဲ စီပဲန် တိုအီးဂေါည်ခေဲင်ကီုင်းနော်င်ခေဝ်ကဲ ဟည်ရာမ်ဒဝ်ႎဲႈဒိုည်ႇပါ်ကီုင်းအောႏ။

၁၀၅မိုင်၊ ကျင်စန်းကျော့ နယ်စပ်ကုန်တွေအတွက် လာမယ့် ဇူလိုင်လကစ အွန်လိုင်း အခွန်စည်းကြပ်မှု စနစ် စတင်မယ်လို့ ညီနောင်မဟာမိတ် ကြေငြာ

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ၁၀၅မိုင်၊ ကျင်စန်းကျော့ နယ်စပ်ကုန်တွေအတွက် လာမယ့် ဇူလိုင်လကစ အွန်လိုင်း အခွန်စည်းကြပ်မှု စတင်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အကောက်ခွန်ဌာနက ကြေညာလိုက်ပါတယ်။

ကိုးကန့်တပ်တွေ ပြန်ဆုတ်မယ်လို့ သတင်းထွက်နေတဲ့ သန္နီမြို့မှာ တရုတ်လူမျိုးတွေက အိမ်ခန်းနဲ့ မြေကွက်တွေ ငှားပြီး ဝင်ရောက်နေထိုင်နေ

စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ထဲကို တရုတ်လူမျိုးတွေက ဝင်ရောက်နေထိုင်တာတွေ ရှိနေတယ်လို့ သိန္နီဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် မှော်ဆီစာ ကျောက်စိမ်း လုပ်ကွက်တွေကိုစစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေ ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

ကချင်ပြည်နယ် ဖားကန့် မှော်ဆီစာ ကျောက်စိမ်း လုပ်ကွက်တွေကို မနေ့ဇွန်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီနဲ့ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ တို့ ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး အခုလို မီးရှို့ ဖျက်ဆီးတာ ၁၀ ရက်ရှိလာပြီ ဖြစ်ပါတယ်။

သီပေါက အမျိုးသမီးတစ်ဦး မိုင်းထပ်နင်းမိပြီး ခြေတစ်ဖက် ပြတ်

တအာင်းတပ် TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်သွားတယ်လို့ သိရပါတယ်။

သီပေါမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ သီပေါမြို့နယ်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ နယ်စည်းမခြားပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မူဆယ်က အမျိုးသားတစ်ဦးကို SSPP တပ်က ခေါ်ဆောင်သွားပြီး သိန်း ၃၀၀ တောင်း

ရှမ်းမြောက် မူဆယ်မြို့ မန်မိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီ‌မြေကို ပြောပါတယ်။

ကျားဖြန်လုပ်ကိုင်သူ ၁၂ ဦးကို တအာင်းတပ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေး

တအာင်းတပ်မတော်-PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ကိုင်သူ ၁၂ ဦးကို တအာင်းတပ် ရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေ

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ကနေ စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

နောင်ချိုကနေ PDF တွေကို TNLA က ထွက်ခွာခိုင်းနေတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို TNLA က ထွက်ခွာခိုင်းနေတယ်ဆိုတဲ့ သတင်းအမှားဟာ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။