ဘက်ထရီအိုး ပေါက်ကွဲရာကနေ နမ့်ခမ်း၊ တွန်းကော်ရွာက နေအိမ်တစ်လုံး မီးလောင်၊ ‌သိန်း ၅၀၀ နီးပါး ဆုံးရှုံး

တအာင်းတပ် ထိန်းချုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ကျေးရွာအုပ်စု ‌တွန်းကော်ကျေးရွာမှာ ဘတ်ထရီအိုး ပေါက်ကွဲရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

တပ်သားသစ် ၈၀၀ ကျော် တက်ရောက်တဲ့ အပတ်စဉ် ၆၇ အခြေခံစစ်သင်တန်း ပြီးဆုံးကြောင်း TNLA ထုတ်ပြန်

တအာင်းတပ်- TNLA ရဲ့ အပတ်စဉ် ၆၇ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နောင်ချိုမြို့နယ်က အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်မှာ စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် ညထွက်တဲ့ လူငယ်အမျိုးသား ၇ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွား

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဉ် (၁၄) အတွက် လူသစ်စုဆောင်းနေသလို ညထွက်တဲ့ လူငယ်အမျိုးသား ၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်ကြီး (၇) နေ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

သိန္နီမှာ ထွက်ပြေးလို့ဆိုပြီး အုမ္မလီရွာခံတစ်ဦးကို ကိုးကန့်တပ်က ပစ်ခတ်လို့ ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ ဖာတဲကျေးရွာမှာ စစ်ဆေးမှုပြုလုပ်နေချိန် ကွတ်ခိုင်မြို့နယ် အုမ္မလီရွာခံတစ်ဦးက ထွက်ပြေးလို့ဆိုပြီး ကိုးကန့်တပ် MNDAA က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖာတဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွာငံ‌မှာ (P.S.F)တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံး

ပြည်သူ့များတပ်ဖွဲ့(P.S.F) တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ထုတ်ပြန်ထားပါတယ်။

တန့်ယန်းမြို့က တပ်မိသားစုဝင် အမျိုးသမီးတစ်ဦး ဓားပြတိုက် သတ်ဖြတ်ခံရ၊ သိန်း ၄၀၀ ပါသွား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးက ဓားပြတိုက် သတ်ဖြတ်ခံခဲ့ရပြီး ငွေကျပ် သိန်း ၄၀၀ ပါသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗုံးကြဲထားလို့ ပျက်စီးသွားတဲ့ မန်လီရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးထပ်ကြဲလို့ ပြုပြင်ထားတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ထပ်မံ ပျက်စီး

နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ၂ ဆောင်နဲ့ စာသင်ကျောင်း ၂ ဆောင် ပျက်စီးသွားခဲ့တယ်လို့ မန်လီရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူ မန်လီရွာ လေကြောင်းကနေ တိုက်ခိုက်ခံရ

တအာင်းတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Reports Claim MNDAA-Controlled Hsenwi Town To Be Returned to Junta

Reports indicate that Hsenwi town in northern Shan State, seized by the Myanmar National Democratic Alliance Army (MNDAA) — also known as the Kokang Army — during Operation 1027 Phase 1, will be handed back to the junta.