ဆင်ဖြူဂိတ်မှာ ဖမ်းမိတဲ့ ကျောက်စိမ်း ကီလို ၃၀၀ ကို ရဲနဲ့ ဌာနဆိုင်ရာက နိုင်ငံတော်ထံ ကီလို ၅၀ သာအပ်ပြီး ကျန် ကီလို ၂၅၀ ကို ခွဲဝေယူ

တရုတ်-မြန်မာနယ်စပ် နှစ်နိုင်ငံဝင်ထွက်ပေါက်ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ တရုတ်ဖက်ဝင်မယ့် အိမ်စီးကားတစ်စီးကို မကဖ (၅)၊ CUSTOM၊ SB၊ CID နဲ့ နယ်ရဲ စတဲ့အဖွဲ့စုံက သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ၃၀၀ ကီလိုရှိတဲ့ ကျောက်စိမ်းတွေကို ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ဟိုပုံးမြို့နယ် မြို့ဦးကွက်သစ်မှာ မိုးကြီးလို့ အုတ်တံတိုင်း ပြိုကျပြီး လမ်းတွေ ပျက်စီး

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် မြို့ဦးကွက်သစ် နယ်မြေ ၁ မှာ မိုးကြီးလို့ အုတ်တံတိုင်းနဲ့ လမ်းတွေ ပြိုကျပျက်စီးနေတယ်လို့ ဒေသခံ အမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမြို့နယ်မှာ စိတ်ကျန်းမာရေး ချို့ယွင်းသူက ကလေးငယ်တစ်ဦးကို ရိုက်နှက်လို့ သေဆုံး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ စိတ်ကျန်းမာရေး ချို့ယွင်းသူတစ်ဦးက ကလေးငယ်တစ်ဦးကို ရိုက်နှက်ရာကနေ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho က အရှင်ဖမ်းဆီးရမိ

မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ထွ‌က်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှိုက အရှင်ဖမ်းဆီးရမိထားတယ်လို့ CDF-Asho က ဒီနေ့ ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

MNDAA Shoots a Man for Fleeing an Inspection in Hsenwi

A man was injured when Myanmar National Democratic Alliance Army (MNDAA) forces shot him as he fled an inspection in Hpar Tae Village, Hsenwi, a township controlled by the armed group in northern Shan State, according to residents.

ယင်းမာပင်နယ် ကျေးစာကျရွာက ဒေသခံ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ဖမ်းဆီး

ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ ကျေးစာကျကျေးရွာက လူပေါင်း ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ရွှေမှာ ရေကြီးရေလျှံမှုတွေကြောင့် စပါးခင်း ဧက ထောင်ချီ ရေမြှုပ်ပျက်စီး

ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် စပါးခင်း ဧကထောင်ချီ ရေမြှုပ်ပျက်စီးနေတယ်လို့ ဒေသတွင်း တောင်သူတွေက ပြောပါတယ်။

မန္တလေးမှာ ပျူစောထီးငယ်တွေ ရမ်းကား၊ ဒေသခံတွေ ရိုက်နှက်နှိပ်စက်ခံရမှုတွေ များပြားလာ

မန္တလေးမြို့မှာ စစ်ကောင်စီမွေးမြူထားတဲ့ ပျူစောထီးငယ်တွေရဲ့ ရမ်းကားမှုတွေဟာ နေစဥ်နီးပါးရှိနေပြီး လူငယ်တွေအပါအဝင် ရိုက်နှက်နှိပ်စက်ခံရမှုတွေ အများအပြားရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

မိုင်းပတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကား ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ် ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ၂၄ နာရီကြာ ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုအီးအူဖုင် ကဲအီကိုင်းဒါလာက်နာက် လီပ်စိုန်ဟာဝ်း ဆဴင်ႎှုင်အူလှေ အ်ုန်အီဂေါည် ရီမ်းကျောင်မာန်ဆူ ဒီကစုဂီုန်းတိုအီး ခေဲင်ကီုင်းလာဆေဝ်၊ တောပ်ဟာဝ်းႎှုင် အီမိူဝ်ႈငေါႈခံန်

တိုအီးခေဲင်ကီုင်းလာဆေဝ်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ တိုအီးအူဖုင် ကဲအီကိုင်းဒါလာက်နာက် လီပ်စိုန်ဟာဝ်း ဆဴင်ႎှုင်အူလှေ အ်ုန်အီဂေါည် ရီမ်းကျောင်မာန်ဆူ ဒီကစုဂီုန်းတိုအီး ခေဲင်ကီုင်းလာဆေဝ်၊ ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ႎီရ်ထိင် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲအောႏ။