စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဝါရုံကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။