မန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ ဈေးချိုနဲ့ လမ်းသွယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်က ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသူတွေကို ဒီနေ့ မနက် ဒီဇင်ဘာ ၄ ရက်အထိ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးရှာဖွေခဲ့ကြောင်း မြို့ခံအမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။
ချောင်းဦးက ချောင်းမနားရွာကို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲခံရပြီး အရပ်သား ၂ ဦး သေဆုံး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းမနားရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Monywa Revolution – MR မှ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။
မိုးမိတ်မှာ စစ်ကောင်စီတပ်က မြို့ပြင်နေရာတွေအထိ တပ်စွဲထား၊ မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေ
တရုတ်ရဲ့ ကြားဝင်မှုနဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြို့ပြင်နေရာတွေအထိ တပ်စွဲထားပြီး မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ရွှေဖီမြေကို ပြောပါတယ်။