(၁၂)နှစ်အရွယ် ကလေးထိန်း မိန်းကလေးငယ်တစ်ဦးကို နှိပ်စက်ခဲ့သူ၂ ဦးကို UWSA က နှစ်ရှည်ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်

(၁၂)အရွယ် ကလေးထိန်း အမျိုးသမီးငယ်ကို နှိပ်စက်ခဲ့သူ၂ ဦးကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ရဲ့ တရားရေးဌာနက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခဲ့တယ်လို့ ‘ဝ’သတင်းတွေကိုဖော်ပြနေတဲ့ WSP က မနေ့ ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒရုန်း၊ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လူအင်အား အလုံးအရင်းနဲ့ နောင်ချို-မိုးကုတ်လမ်းကို စစ်တပ် ထိုးစစ်ဆင်နေ၊ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ TNLA ပ

စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချို- မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဟားခါးမြို့မှာ ဘုရားကျောင်းကနေ ပြန်လာတဲ့ လူငယ် ၄၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွား

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့က HBC ခရစ်ယာန် ဘုရားကျောင်းကနေ ပြန်လာကြတဲ့ လူငယ် ၄၀ ခန့်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

နွားထိုးကြီးနယ်ထဲကို စစ်တပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ သေဆုံး၊ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လိုက်တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီး စွန့်ပစ်

ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်က ဖော်ပြထားပါတယ်။

ရံပ်ရိုႈဘိုး တကခံပ်ကယည် ပ်ုန်ပ္လိူရ်ႈဟြာင်းဒဲႈ ဖုင်ယဲဆျှိုည်ဖီမျေ ဆငည်းရႎါည်း တောန်နှားနီန်အောႏ။

ဆဒါင်ပ်ုန်နံင်ပ္လိူရ်ႈဟြာင်းဒဲႈ နှားနီန်မိုႈ ~ ဆဒါင်ဘိူည်လေႈဒေဲႈ ဒါႈမိုး တံပ်ကိုးကာင်းကဲ နံင်က္လိုတ်ႎီရ်ဒါႇတေင်နီမာ် ကဲဆီုင်ဂီုည်ရဲန်အူန်း ကနာည်နံင်ရေဲန် ယုင်ဆနံမ်ဒါင်းနီန် အစဴင်အရဴင်

စစ်တပ်ပြန်တောင်းနေတဲ့ သိန္နီမြို့ဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါတယ်လို့ MNDAA ပြော

စစ်တပ်ပြန်တောင်းနေတဲ့ ရှမ်းမြောက် သိန္နီမြို့ဟာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါတယ်လို့ ကိုးကန့်တပ်မတော် MNDAA ကဒီနေ့ သြဂုတ်လ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ဦးမြို့နယ်မှာ ကလေးငယ်တွေ ကောက်လာတဲ့ လက်ထောက်ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ကလေးငယ်တွေ ကောက်လာတဲ့ လက်ထောက်ဗုံးပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ် ပစ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ၂ ရက်အတွင်း ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုက အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေ အဓမ္မပြုကျင့်၊ ရွာခံတွေကိုလည်း မသင်္ကာမှုနဲ့ ဖမ်းဆီးနှိပ်စက်

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီးရှိ မုံပြင်လေးကျေးရွာက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့်သွားတယ်လို့ သိရပါတယ်။