ခင်ဦးနယ်ထဲက စားသောက်ဆိုင်၊ ဆိုင်ခန်းနဲ့ ယာဉ်ကြောပိတ်ဆို့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အနည်းဆုံး ၉ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မနေ့ ဒီဇင်ဘာ ၂၇ရက်နေ့ နေ့လည်ပိုင်း ၁နာရီ ဝန်းကျင် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ MI 35 ၁စီးတို့နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ဦးထက်မနည်းသေဆုံးပြီး ၁၀ဦးနဲ့အထက်က ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လားရှိုးမှာ စစ်ကောင်စီရွေးကောက်ပွဲ မဖြစ်မနေ မဲလာပေးဖို့ မြို့ခံတွေဖိအားပေးခံနေရ

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ ဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း မဖြစ်မနေမဲလာပေးဖို့ မြို့ခံတွေ ဖိအားပေးခံနေရတယ်လလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပန်မှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူနောင်ချိုလူငယ်တစ်ဦးကို UWSA က လူမြင်ကွင်းရှေ့မှာ သေဒဏ်ပေး

“ဝ” တပ်- UWSA ထိန်းချူပ်ထားတဲ့ ဟိုပန်မြို့မှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူကို “ဝ” ပြည်တရားစီရင်ရေးဌာနက သေဒဏ်ပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ပအေဲမ်ကိုက် ခေဲင်ရဝ်ဟိုခိုနီန် ကောန်ဆီုက် SSPP ကဲ ပဲန်လည်ပဴန်လည်ပဴင်ခနားကဲ အူအီးယံမ်းဖါ်ႈ အူအီးကတူႈဖေးဘာတ်ဟာဝ်း

တိုအီးအရာပ်ကဲ အူအီးက္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ကပီုန်ဆျှံမ်ကဒါႇပိူည် ပလှံင်အေဲမ်ကိုက် ခေဲင်ခမိုရဝ်မိုင်းယုလေး ပရဝ်ဟိုခိုနီန် ကောန်ဆီုက် တံပ်ဆီုက်ဆျှံမ် SSPP ကဲ ခနားကဲ ပဲန်လည်ပဴင်ဟာဝ်း ကောန်ဆီုက်ကဲ အူအီးယံမ်းဖါ်ႈ အူအီးကတူႈဖေးဘာတ်ဟာဝ်းအောႏ။

လားရှိုးမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကျားဖြူပါတီက အမတ်တစ်ဦး မြို့ခံတွေထံက အတိုးမတ်လုံးပေးပြီး သိန်းထောင်ချီ ငွေချေးယူထားကာ အတိုးမပေးတဲ့အပြင် အရင်းပါ ပြန်မရကြ၊ ဌာနဆိုင်ရာကို တိုင်ကြားပေမယ့် အရေးယူပေးခြင်းမရှိ

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျားဖြူပါတီကနေ မဲဆန္ဒနယ် အမှတ်(၆)ကနေ ဝင်ရောက်ယဉ်ပြိုင်မယ့် ဒေါ်ဝေဝေဦးဆိုသူဟာ လားရှိုးမြို့ခံ ဦးရေဒါဇင်ကျော်ကို အတိုးမတ်လုံးပေးပြီး ငွေသိန်းထောင်ချီ ချေးယူသွားပြီး အတိုးမပေးတဲ့အပြင် အရင်းပါပြန်မရကြဘဲ ဖြစ်နေတယ်လို့ ငွေချေးခံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကြပ်

ရွေးကောက်ပွဲ ကျင်းပတော့မယ့် ရှမ်းမြောက် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TLEF ဖွင့်လှစ်တဲ့ လက်ဖက်မြေ နိုင်ငံရေး သိပ္ပံကျောင်းရဲ့ ဒီပလိုမာဘွဲ့ ပေးအပ်တဲ့ အခမ်းအနား

လက်ဖက်မြေ ပညာရေး ဖောင်ဒေးရှင်း- TLEF က ဦးစီးပြီး ဖွင့်လှစ်တဲ့ ၂ နှစ်ကြာ လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း- TLSPS အပတ်စဉ် ၃ ဒီပလိုမာဘွဲ့ ပေးအပ်တဲ့ အခမ်းအနားကို မနေ့ ဒီဇင်ဘာ ၂၅ ရက်က နမ့်ဆန်မြို့မှာ ကျင်းပခဲ့ပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ် အောက်ပိန်းပြစ်ရွာက စာသင်ကျောင်း ဒရုန်းနဲ့ ထပ်မံဗုံးကြဲခံရ၊ မိုးကုတ်မြို့ပြင် လက်နက်ကြီးသံဆက်တိုက်ကြားနေရ

စစ်ကောင်စီတပ်စွဲထားတဲ့မန္တလေးတိုင်း မိုးကုတ်မြို့နယ် အောက်ပိန်းပြစ်ရွာရဲ့ စာသင်ကျောင်း ဒရုန်းနဲ့ ထပ်မံဗုံးကြဲခံရတယ်လို့ မိုးကုတ်မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲလို့ စစ်ရှောင် ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။