လားရှိုး အထက (၂) ကျောင်းမှာ ဆိုလာတပ်ဆင်ဖို့အတွက် ကျောင်းသား ၁ ဦးကို ငွေ ၂ သောင်းကျပ် ကောက်ခံ
စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က အထက (၂)ကျောင်းမှာ ဆိုလာတပ်ဆင်ဖို့အတွက်ဆိုပြီး ကျောင်းသားတစ်ဦးကို ကျောင်းတာဝန်ခံတွေက ငွေ ၂ သောင်းကျပ် ကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေ ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ပြင်က ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ဒေသမှာ ရွေးကောက်ပွဲ ကျင်းပဖို့ပြင်ဆင်နေ၊ ကိုးကန့်တပ်ထိန်းချုပ်ဒေသမှာ ရွေးကောက်ပွဲ ကျင််းပခွင့်မပြုထားကြောင်း MNDAAနဲ့ နီးစပ်သူက ပြော
ကိုးကန့်တပ်မတော်- MNDAA က ၎င်းတို့ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ပြင်က ကျေးရွာတချိူ့မှာ စစ်ကောင်စီိကို ရွေးကောက်ပွဲကျင်းပခွင့် မပြုထားကြောင်း MNDAAနဲ့ နီးစပ်သူက ပြောပါတယ်။
ကွမ်ဟယ်မှာဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု
အခု မြင်တွေ့နေရတဲ့ ဒီနေရာလေးမှာ သိပ်မကြာခင်တုန်းကပဲ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ လူ့ဘဝဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် မိသားစုဆွေမျိုး အစုလိုက် အပြုံလိုက် အသက်ဆုံးရှုံးသွားခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်၊
သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့ ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး
ပင်လုံညီလာခံကျင်းပခဲ့ပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မြို့တစ်မြို့ဖြစ်ခဲ့ပြီး အခုတော့ အဲပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ဧကသိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတွေ ဝေဝေဆာဆာဖူးပွင့်လျက်ရှိနေပါတယ်။