ပဲခူးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး (၁) ဦးအပါ (၆) ဦး သေဆုံး၊ ၅ ဦး အရှင်ဖမ်းမိ
ပဲခူးတိုင်း ပဲခူးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
နမ့်ခမ်းမှာ ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး ပြေးနေရာကနေ အရှိန်မထိန်းနိုင်ပဲ ကမ်းပါးပေါ်က ပြုတ်ကျသေဆုံး
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ် ၁ ဦးက အပြေးလွန်ရာကနေ အရှိန်မထိန်းနိုင်တော့ပဲ ကမ်းပေါ်ကနေ ပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။