KTLA ရဲ့ အစိုးရဖွဲ့စည်းတဲ့ ကြေညာချက်ကို ကန့်ကွက်ရှုတ်ချပြီး ကရင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေတာလို့ KNUပြော
စောနယ်ဓါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA ရဲ့ ကော်သူးလေအစိုးရဖွဲ့စည်းပြီး ကော်သူးလေထူထောင်ကြောင်းနဲ့ ကော်သူးလေလွတ်လပ်ရေးနေ့ ကြေညာချက်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပတ်သတ်မှုမရှိကြောင်း KNU က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါက မြင်းဇာရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတော် ၂ ပါး ထိမှန်ဒဏ်ရာရ၊ ကျောင်းဆောင်တချို့ မီးလောင်ပျက်စီး
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
PDF ရဲဘော်တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ဟာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း တော်လှန်ရေးတပ်တွေ ပြော
တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ကို တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေက အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုကြပါတယ်။