ပွဲငှါးဖို့ဆိုပြီး အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေဖြစ်သူတို့ မူဆယ်အရောက်မှာ ပြန်ပေးဆွဲခံရပြီး ငွေကျပ်သိန်း ၃ ထောင်ကျော် ပေးခဲ့ရ
စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်၊ မူဆယ်မြို့မှာ မင်္ဂလာဆောင်ဖျော်ဖြေဖို့အတွက်ဆိုပြီး အဆိုတော် ရှင်မင်းမြတ်နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူကို လိမ်လည်ဖိတ်ခေါ်ခဲ့ပြီး ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၃ ထောင်ကျော် ပြန်ပေးခဲ့ရတယ်လို့ အဆိုတော် ရှင်မင်းမြတ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စစ်ကောင်စီရဲ့ မှုခင်းရဲတပ်ဖွဲ့ထံ ဖြစ်စဉ်အသေးစိတ်ပါ တိုင်ကြားထားတဲ့ တိုင်ကြားစာနဲ့ ရေးသားထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (ULA/AA) နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က စစ်ဘေးရှောင် နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်မဲမြို့အဝင် ပါပုတ်ရွာမှာ စစ်တပ်နဲ့ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေထံ ငွေသိန်းဆယ်ချီ တောင်းခံနေ
စစ်ကောင်စီ ပြန်ထိန်းချုပ်တဲ့ ရှမ်းမြောက်က မိုင်းငေါ့ကနေ ကျောက်မဲမြို့အဝင် ပါပုတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေကို ငွေ ၅ သိန်းကနေ ၁ဝ သိန်းအထိ တောင်းခံနေတယ်လို့ ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ခမ်းနားတဲ့ ၆၃ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့နဲ့ အသိအမှတ်ပြုခံရဖို့ လိုအပ်နေသူများ
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ဟာ တအာင်းတို့ တမျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့ တော်လှန်ရေးတိုက်ပွဲ ဆင်နွဲလာတာ ၆၃ နှစ်ပြည့်တဲ့ နေ့ရက်ဖြစ်ပြီး အဲနေ့ကို အကြောင်းပြုပြီး PSLF/TNLA က စစ်ရေးပြ အခမ်းအနားအပါအဝင် ပျော်ပွဲရွှင်ပွဲ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။
လစာအများကြီးရတဲ့ “ဝ”ပြည် မက်မန်းရှိ သတ္ထုတွင်းမှာ မကြာခဏမြေပြိုလို့ လူသေဆုံးမှု မြင့်တက်နေ
‘ဝ’တပ် UWSA ထိန်းချုပ်တဲ့ ရှမ်းမြောက် မက်မန်းမြို့မှာရှိတဲ့ သတ္ထုတွင်းမှာ မြေပြိုမှု မကြာခဏဖြစ်ပွားတာကြောင့် လူသေဆုံးမှု မြင့်တက်လာနေတယ်လို့ သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။