ပနမ့်စန် ကားတာင်တိုအီလေႈဒေင်ကဲအူကြောင် ဇောႈဟာဝ်းဖါ်ႈတေင်ရအာင်း 1 ယံမ်း 9 အီးကတူႈဖေးဘာတ်ဟာဝ်း

‎ဖုင်အီပျံတ်ငံရ်(လွိုင်လင်) ကုင်ကပိုမ်ဘြာန် ကဲပ္လိူရ်ႈလေႈဒါႈ ကပီုန်ဆျှံမ်ကဒါႇက်ြုမ် ခေဲင်လှံင်နမ့်စန် တေင်ဒေင်လွိုင်လင် ကာည်း နမ့်စန်နီန် ကားတာင်တိုအီလေႈဒေင်ကဲအူကြောင် ဇောႈဟာဝ်းဖါ်ႈ တေင်ရအာင်း တိုအီးလေႈဒေင် ကောန်အီမာည်း 1 အီးယံမ်းဖါ်ႈ 9 အီးကတူႈဖေးဘာတ်ဟာဝ်းအောႏ။

Junta Regains Full Control of Mogok-Mandalay Road

Revolutionary forces have been forced to withdraw from the entire Mogok–Thabeikkyin road section they once controlled, according to the ground sources familiar with the situation and they told Shwe Phee Myay that the junta’s military has now regained full control of the entire route.

နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (BP) ကို တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားပေမယ့် ၅ သောင်းအထိ ပေးဆောင်နေရ၊ BP ဌာနမှ တစ်ရက်ဝင်ငွေ သိန်းရာနဲ့ချီ ရှိ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နန်းတော်ပေါက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်လက်မှတ် BP (စာအုပ်အနီ) ထုတ်ပေးရာ ဌာနမှာ တစ်အုပ်လျှင် တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားတဲ့ (BP) စာအုပ်ကို ငွေကျပ် ၅ သောင်းအထိ မူဆယ်ခရိုင် လဝကဝန်ထမ်းတွေက တောင်းယူနေတာကြောင့် ဒေသခံတွေက အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၈၀၀ နီးပါး သေဆုံး

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီး ၈၀၀ နီးပါးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ စာရင်းအရ သိရပါတယ်။

ကောလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သား ၁ ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သား ၁ ဦးကို ပစ်သတ်သွားတယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။

မိုင်းရယ်နဲ့ တန့်ယန်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း (၂) မှာ ပြည်သူ့လွှတ်တော်နေရာအတွက် USDP အနိုင်ရ

စစ်ကောင်စီတပ် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၂) မှာ ရှမ်းမြောက် တန့်ယန်းနဲ့ မိုင်းရယ်မြို့နယ်မှာလည်း ပြည်သူ့လွတ်တော်နေရာအတွက် စစ်တပ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ – USDP ကသာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

နမ့်စန်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျလို့ ၁ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

‎ရှမ်း‌တောင် နမ့်စန်မြို့နယ် လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျခဲ့တာကြောင့် ခရီးသည် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (လွိုင်လင်)က ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး ထပ်မံ သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မိုးကုတ်က ပိန်းပြစ်ရွာမှာ ဖယောင်းတိုင်မီးကနေတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပိန်းပြစ်အောက်ရွာမှာ မနေ့ ဇန်နဝါရီ ၁၇ ရက် ည ၇ နာရီခွဲဝန်းကျင်က ယောင်းတိုင်မီးကနေတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မယ်စဲ့အကျဉ်းထောင်ကနေ အကျဥ်းသား ၈၀ ဝန်းကျင်က သေနတ်တွေ လုယူပြီး ထွက်ပြေးလွှတ်မြောက်

ကရင်နီပြည် မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဥ်းသား ၈၀ ကျော်က သေနတ်တွေ လုယူပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။