မိုးကုတ်မှာ စစ်ကောင်စီက Non CDM တွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးလည်ပတ်ဖို့ ကြိုးစားနေ
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီက Non CDM တွေကို ခေါ်သွင်းနေပြီး အုပ်ချုပ်ရေးလည်ပတ်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။