ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန် ၃၀၀ ကျော်ကို စစ်ကောင်စီက မိုင်းရယ်မြို့ပေါ်မှာ ထိန်းသိမ်းထားပြီး လုပ်ငန်းရှင်တွေကို အလှည့်ကျ ထမင်းကျွေးခိုင်းထား၊ မိုင်းရယ်မှာ ကျားဖြန်ရုံတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေပြော
ရှမ်းမြောက် မိုင်းရယ်မြို့နယ် မိုင်းဟကျေးရွာအနီးမှာ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန်လုပ်ကိုင်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက မိုင်းရယ်မြို့မှာပဲ ထိန်းသိမ်းထားပြီး လုပ်ငန်းရှင်တွေကို အလှည့်ကျ ထမင်းကျွေးခိုင်းထားတယ်လို့ မိုင်းရယ်မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တန့်ဆည်မြို့နယ် သစ္စေးကုန်းရွာကို ဗုံး၊ ရော့ကတ်တွေနဲ့ တိုက်ခိုက်ခံရတာကြောင့် ကိုရင် ၁ ပါးအပါအဝင် ၆ ဦး သေဆုံး
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သစ္စေးကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ်တွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၁ ပါးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ပလာဆေဝ်ကဲအီနှဲဆဖော ဆံင်ခံတ်ဟာဝ်း ပ်ုန်ကိူဝ်ႈ MNDAA ကဲတခြီရ်နီန် ဂေါႇမိုႈအ်ုန်ပဲန်လည်ကအေဲႈနီန် တိုအီးအရာပ်ကဲပေန်ခ္လ ကတူႈတိုည်း
တိုအီးအရာပ်ကဲ ကောန်အီမာည်းအူအီးက္လာင်းဒါႈ ပလှံင်လာဆေဝ် ခေဲင်ခမို ရဝ်နမ့်ပေါင်နီန် တိုအီးအရာပ် ကဲအီနှဲဆဖော ဆံင်ခံတ်ဟာဝ်း ပ်ုန်ကိူဝ်ႈ MNDAA ကဲတခြီရ်နီန် ကတူႈတံပ်ကိုကာင် MNDAA ကဲတိုည်းဟာဝ်းကဲအောႏ။
ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းဆိုင်ထဲ ဝင်ရောက်လုယက်လို့ မြို့ခံတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်
ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် (၄) ရှိ မီဂါစတုံးဖုန်းဆိုင်မှာ လက်နက်အပြည်အစုံ ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းကို ဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။