By မိုင်းရူပ၊ ရွှေဖီမြေ

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်မှာ စစ်ရှုံးပြီး လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်ဟာ စစ်ရှိန်မြှင့်ပြီး တိုက်ခိုက်လာနေတာ ၂လကျော်ကြာလာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်က တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေကို ဦးတည်တိုက်ခိုက်နေပြီး မြို့တွင်းနဲ့ ကျေးရွာတွေမှာ လူထုတွေ မနေရဲအောင် လူနေထူထပ်တဲ့ ရပ်ကွက်တွေ ကျေးရွာနွေထဲကို နေ့စဉ်လိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ဖြစ်ပွါးနေပါတယ်။

ဒါ့အပြင် မြေပြင်စစ်ကြောင်းထိုးကာ တအာင်းတပ်ကို တိုက်ခိုက်နေပြီး စစ်ကောင်စီနဲ့ TNLA အကြား ကျောက်မဲ–သီပေါမြို့နယ်ကြားမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီတပ်ဟာ တအာင်းတပ်၊ တအာင်းလူထုနဲ့ ရှမ်းမြောက်ရှိ လူမျိုးစုတွေကြား လူမျိုးရေးပဋိပက္ခ ဖြစ်အောင် အွန်လိုင်းကနေ လှုံ့ဆော်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။

အဲဒီထဲမှာ ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုတွေကို အခွင့်ကောင်းယူပြီး တအာင်းတပ်၊ တအာင်းလူထုနဲ့ ရှမ်းလူမျိုးကြား၊ တအာင်းတပ်၊ တအာင်းလူထုနဲ့ ကချင်လူမျိုးစုကြား လူမျိုးရေးပဋိပက္ခ ဖြစ်အောင် တမင်ဖန်တီးလျက်ရှိနေပြီး အဲဒီအကြောင်းပြချက်နဲ့ ဗုံးကြဲနေတာတွေလည်း လုပ်ဆောင်နေပါတယ်။

အရင်က စစ်ကောင်စီတပ် ဝါဒဖြန့်ပေးနေတဲ့ လော်ဘီတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်လေ့ရှိခဲ့ပေမဲ့ ယခုအခါ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခ ဖြစ်အောင် ဖန်တီးလာနေပါတယ်။

ဒီလို အွန်လိုင်းတိုက်ခိုက်မှုတွေကို တယ်လီဂရမ်ချန်နယ်တွေအပြင် မြန်မာနိုင်ငံမှာ လူအသုံးများတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ Facebook မှာလည်း အကောင့်တုတွေ ဖွင့်ပြီး တိုင်းရင်းသား လူမျိုးစုကြား လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးနေပါတယ်။

Facebook မှာ ကချင်၊ ရှမ်း စတဲ့ လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ အကောင့်တုပုံစံမျိုးစုံနဲ့ ဖွင့်ထားပြီး လူမျိုးရေးပဋိပက္ခ ဖြစ်စေတဲ့ မှတ်ချက်တွေ (comments) လိုက်ပေးနေသလို မမှန်မမှန်သတင်းတွေကိုလည်း ဆက်တိုက် ဖြန့်နေတာကို တွေ့ရပါတယ်။

အဲဒီအကောင့်တုအများစုဟာ ပရိုဖိုင် ပိတ်ထားပြီး အများစုဟာ လပိုင်းအတွင်းဖွင့်လှစ်ထားတဲ့ အကောင့်တွေဖြစ်နေကြောင်း ရွှေဖီမြေက စီစစ်တွေ့ရှိထားပါတယ်။

စစ်ကောင်စီရဲ့ ဒီလို ဝါဒဖြန့်တိုက်ခိုက်မှုတွေကြောင့် ရှမ်းနဲ့ တအာင်း၊ ကချင်နဲ့ ရှမ်း လူမျိုးတွေကြား လူမှုကွန်ယက်ပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေတာလည်း တွေ့ရပြီး အများစုက စစ်ကောင်စီရဲ့ လုပ်ကြံထားတဲ့ ဝါဒဖြန့်မှုတွေ ဖြစ်နေပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား နယ်မြေအငြင်းပွားမှု တချို့ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီထဲမှာ ကချင်တပ်မတော် (KIA) နဲ့ တအာင်းတပ်အကြား၊ ရှမ်းတပ် (SSPP) နဲ့ တအာင်းတပ်အကြား ရှမ်းမြောက် မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပြီး ထိခိုက်မှုတချို့လည်း ရှိခဲ့ပါတယ်။

လက်နက်ကိုင်တပ် အချင်းချင်းကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုတွေကို သက်ဆိုင်ရာ လက်နက်ကိုင်ခေါင်းဆောင်တွေဘက်က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ထုတ်ပြောထားပြီး တွေ့ဆုံဆွေးနွေးနေတာတွေလည်း ရှိထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုယ်စီသိမ်းပိုက်ထားတဲ့ နယ်မြေတွေအလိုက် တော်လှန်ရေးကာလအစိုးရအဖြစ် အုပ်ချုပ်နေကြတာ ဖြစ်ပါတယ်။

တအာင်းတပ်ဘက်ကလည်း တအာင်းပြည်နယ်ရရှိဖို့ တော်လှန်တိုက်ခိုက်ပွဲဝင်နေပေမဲ့ လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကြားကာလအစိုးရအုပ်ချုပ်နေတာ ဖြစ်ပြီး နယ်မြေသတ်မှတ်ရေးဟာ နိုင်ငံရေး စကားဝိုင်းအတွင်း ဆုံးဖြတ်ရမယ့် အကြောင်းအရာဖြစ်တယ်လို့ မကြာခဏ ထုတ်ဖော်ပြေဆိုထားပါတယ်။

ရှမ်းမြောက်ရှိ မြို့နယ်အများစုဟာ တအာင်း၊ ကချင်နဲ့ ရှမ်း စတဲ့ တိုင်းရင်းသား လူမျိုးစုတွေ စုပေါင်းနေထိုင်ရာ ဒေသဖြစ်ပြီး အရင်ကတည်းက အတူယှဉ်တွဲ နေထိုင်လာကြတာ ဖြစ်ပါတယ်။

လက်ရှိ လူမှုကွန်ယက်မှာဖြစ်ပွါးနေတဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေတဲ့ အရေးအသားအသုံးအနှုန်းတွေစာ စစ်ကောင်စီ တမင်ဖန်တီးထားတဲ့ လှာ့်ကွက်ဖြစ်ပြီး စစ်ရေးမှာ အသာစီးရဖို့ ထောက်ခံမှုရဖို့ ကြိုးစားနေတာတွေသ ဖြစ်ပါတယ်။

ဒါကြောင့် လူမှုကွန်ရက်အသုံးပြုနေတဲ့ လူထုတွေအနေနဲ့ စစ်ကောင်စီဖန်တီးထားတဲ့ လူမျိုးရေးပဋိအက္ခထောင်ချောက်ထဲ မဝင်မိစေဖို့ အထူးသတိထားကြရန်လိုအပ်ကြောင်း….

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။