ရွှေဖီမြေ၊ ဒီဇင်ဘာ ၄ ရက်

‎အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့က ဝေဖန်ရေးသားထားတယ်ဆိုတဲ့ စာတိုဟာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

‎၎င်းစာတိုဟာ Star news Facebook page မှာ ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ စတင် ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး “NUG ရဲ့ လူအင်အားဟာ တအာင်းလူမျိုးရဲ့ လူအင်အားထက်ပိုများပေမဲ့ မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေကို မသိမ်းပြနိုင်ကြောင်း ဗိုလ်ချုပ်တာဘုန်းကျော် ပြောဆိုတာနဲ့ NUG ဟာ ရှိတဲ့အင်အားတွေနဲ့ မြို့ကြီးပြကြီးတွေကို မသိမ်းပြနိုင်ဘဲ သူများအားကိုးပြီး နေရာလိုချင်နေကြတာလို့ ဖုန်တာရွင်ပြောဆိုကြောင်း” စတဲ့ (မူရင်းစာသား)နဲ့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

‎အဲဒီရေးသားဖော်ပြချက်ကို ဒီနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်အထိ မှတ်ချက်ပေးသူ ၆၀၀ ကျော်၊ ကြည့်ရှုသူ ၇ ထောင်နီးပါးရှိခဲ့ပြီး ပြန်လည်မျှဝေသူ ၁ ထောင်ကျော် ရှိခဲ့ပါတယ်။

သတင်းအမှားလင့်ခ် – Star news- https://archive.ph/CSBwg

#သတင်းစစ်ဆေးချက်

အဲဒီရေးသားဖော်ပြချက်ကို ရွှေဖီမြေက သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရရှိပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း ၎င်းရေးသားဖော်ပြချက်ဟာ သတင်းအမှားသာဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။

အဲဒီသတင်းအမှားရေးသားဖော််ပြထားတဲ့ Star news ဆိုတဲ့ Facebook page ဟာ အခုနှစ် ဇူလိုင်လမှပင် ဖွင့်ထားတာဖြစ်ပြီး page admin ကလည်း ဘင်္ဂလားဒေရှ့်နဲ့ မလေးရှားကဖြစ်ပြီးတော့ တော်လှန်ရေးတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြား အထင်အမြင်လွှဲမှားအောင်သာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖော်ပြထားတဲ့ ရေးသားဖော်ပြချက်တွေလည်း အဲဒီ ပေ့စ် စာမျက်နှာမှာ အများအပြားတွေ့ရပါတယ်။

‎TNLA က မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရတဲ့အချိန်နဲ့ ဗိုလ်ချုပ်တာဘုန်းကျော် ကဗျာတစ်ပုဒ် ရေးသားထားချိန်မှာဘဲ အခုလို တော်လှန်ရေးတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြား သွေးခွဲထားတဲ့ရေးသားချက်တွေ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

‎အဆိုပါသတင်းအကြောင်းအရာအမှားကို သတင်းဌာနတွေမှာလည်း ရေးသားဖော်ပြတာကို မရှိသလို ဗိုလ်ချုပ်တာဘုန်းကျော်ရဲ့ Facebook account မှာလည်း ရေးသားဖော်ပြတာ မရှိခဲ့ပါဘူး။

‎အဲဒီသတင်းအမှားကို CJ platform က စီစစ်ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

‎ဝင်ရောက်ဖတ်ရှုရန်လင့်ခ် – CJ Platform- https://www.facebook.com/share/p/1C9YP2EFzB/

ဒါ့အပြင် သတင်းအမှားစိစစ်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Fact-checking Network – MFCN အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့်ကလည်း အချက်အလက်တွေ စစ်ဆေးထားပါတယ်။

သတင်းလင့်ခ် – https://www.facebook.com/share/p/1Eptnuy5mn/?mibextid=wwXIfr

#သုံးသပ်ချက်

‎Star news ဟာ အချိန်သင့်အခါသင့် အခွင့်ကောင်းယူပြီး TNLA၊ MNDAA နဲ့ NUG တို့အပြင် တော်လှန်ရေးတပ်တွေအကြား သွေးကွဲစေဖို့သာ ရည်ရွယ်ပြီး တမင်ဝါဒဖြန့် ရေးသားတာဖြစ်ကြောင်း သုံးသပ်ရပါတယ်။

‎ဒါ့အပြင် စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာလည်း အခုလို တော်လှန်ရေးတပ်တွေအကြား သွေးကွဲစေမယ့်ရေးသားဖော်ပြချက်တွေကို မကြာခဏ ရေးသားဖြန့်ဝေတာမျိုး တွေ့ရပါတယ်။

‎ဒါ့ကြောင့် ‌အွန်လိုင်းပေါ်က ပျံ့နှံ့နေတဲ့သတင်းအကြောင်းအရာတွေတိုင်းကို ချက်ချင်းမျှဝေတာတွေ မလုပ်ဖို့၊ မယုံကြည်ကြဖို့နဲ့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေမှာ ရှာဖွေဖတ်ရှုကြဖို့ ရွှေဖီမြေရဲ့ စာဖတ်ပရိတ်သတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။