ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ မိုးကုတ်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် TNLA က မြို့လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာလိုက်ရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်နေပါတယ်။

အဲဒီသတင်းအမှားကို ပြီးခဲ့တဲ့အပတ်မှာ စစ်ကောင်စီကို ထောက်ခံတဲ့ ဖေ့ဘုတ်အကောင့်အပြင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်နဲ့ သတင်းဌာနတစ်ခုက ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“TNLA က မိုးကုတ်မြို့ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပါပြီနဲ့ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို နစကတပ်တွေ ပိတ်ဆို့ထား” စတဲ့ မူရင်းစာသားနဲ့အတူ သတင်းအမှား ပြန့်နေခဲ့တာ ဖြစ်ပါတယ်။

သတင်းအမှားလင့်- https://archive.is/jilBs, https://archive.ph/0oNSH

အဲဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး ရွှေဖီမြေရဲ့ သတင်းတု၊ သတင်းမှား စိစစ်သူတွေက စစ်ဆေးမေးမြန်းရာမှာ ရေးသားဖော်ပြချက်ဟာ လုပ်ကြံဖန်တီးပြီး ဖော်ပြထားတဲ့ အကြောင်းအရာတွေသာဖြစ်ကြောင်းနဲ့ မြေပြင်အခြေအနေနဲ့ ကွဲလွှဲနေကြောင်း တွေ့ရပါတယ်။

#သတင်းစစ်‌ဆေးတွေ့ရှိချက်

မန္တလေးနဲ့ မိုးကုတ်မြို့နယ်ကြားက မတ္တရာ၊ သပိတ်ကျင်း စတဲ့နေရာမှာ စစ်တပ်နဲ့ TNLA တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာနဲ့ လေကြောင်း တိုက်ခိုက်တာတွေ နေ့စဉ် ဖြစ်ပွားတာ မှန်ပေမဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းပိတ်ထားတယ်ဆိုတဲ့ အကြောင်းအရာကတော့ သတင်းအမှားသာ ဖြစ်ပါတယ်။

TNLA ဖက်ကလည်း သတင်းအမှားပါ အကြောင်းအရာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသလို မိုးကုတ်ရှိ TNLA ရဲ့ တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာလည်း မဟုတ်မှန်ကြောင်းသာ ရွှေဖီမြေသို့ ပြောဆိုပါတယ်။

၎င်းက “စကစက မိုးကုတ်မြို့ကို ပိတ်ဆို့တာက သတင်းအမှားသာ ဖြစ်တယ်။ မြေပြင်မှာ အဲလိုမရှိပါဘူး။ မြို့ကို အ‌ရေးပေါ်အခြေအနေ ကြေညာထားတာလည်း မရှိပါဘူး။ ပုံမှန်ပါဘဲ” လို့ ပြောပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ အဝင်အထွက်မှာ TNLA က စစ်ဆေးရေးဂိတ် ချထားတာကလွှဲလို့ ဘာမှထူးခြားတာ မရှိဘူးလို့လည်း နောက်ထပ် မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

#သုံးသပ်ချက်

ရွှေဖီမြေအပြင် လွတ်လပ်တဲ့ တခြားသတင်းဌာနတွေမှာလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက ဝိုင်းဝန်းပိတ်ဆို့တာနဲ့ ပတ်သက်ပြီး သတင်းဖော်ပြထားကြတာ မရှိပါဘူး။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ လော်ဘီချန်နယ်နဲ့ သတင်းဌာနတစ်ခုက ရေးသားဖော်ပြထားတဲ့ အဆိုပါ ဖော်ပြချက်တွေဟာ သတင်းအမှားသာဖြစ်ကြောင်း ပြောဆိုနိုင်ပါတယ်။

ဒါ့ကြောင့် ရွှေဖီမြေရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ လူမှုကွန်ယက်ပေါ်က သတင်းတိုင်းကို ချက်ချင်းမယုံကြဘဲ စိတ်ချရပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာသာ ဝင်ရောက် ရှာဖွေဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။