ရွှေဖီမြေ၊ ဇွန်လ ၁၈ ရက်၊ နမ့်ခမ်း

နမ့်ခမ်းမြို့နယ် ဟိုနားရွာက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တအာင်းတပ် TNLA က ရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ Facebook စာမျက်နှာတချို့နဲ့ Telegram ချန်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ပျံ့နှံ့နေတာဖြစ်ပါတယ်။

“နမ့်ခမ်းတွင် အရက်မူးသည့် TNLA စစ်သည်က ကလေးငယ်တစ်ဦးအား ရိုက်နှက်သဖြင့် သေဆုံးခဲ့သည်” ဆိုတဲ့ မူရင်းစာသား(ခေါင်းစဉ်)နဲ့အတူ ရေးသားဖော်ပြထားကြတာဖြစ်ပြီး ထပ်ဆင့်ပြန်လည်မျှဝေသူလည်း အများအပြားရှိခဲ့ပါတယ်။

အဆိုပါ သတင်းအမှားတွေကို ဒီလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းအမှားလင့်ခ်

Htun Zinmyo – https://archive.ph/z3jcw

Snow Queen – https://archive.ph/1QiCs

Ko Thet – https://archive.ph/GukAp

Ye Yint Htet (#yyh) – https://archive.ph/RfreN

#သတင်း စစ်ဆေးအတည်ပြုချက်

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာက အသက် ၅ နှစ်အရွယ် မူကြိုကလေးငယ်တစ်ဦး ရိုက်နှက်ခံခဲ့ရလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာ မှန်ကန်ပါတယ်။

ရွှေဖီမြေရဲ့ အချက်အလက်စိစစ်သူတွေက အဆိုပါအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ချိန်မှာ ကလေးငယ်ကို ရိုက်နှက်ခဲ့သူဟာ TNLA တပ်သားမဟုတ်ဘဲ သာမာန်အရပ်သားသာဖြစ်ပြီး သူဟာ ဝက်ရူးပြန်ရောဂါ အခံရှိထားသလို စိတ်ကျန်းမာရေးလည်း ချို့ယွင်းနေတာဖြစ်နေကြောင်း ဟိုနားကျေးရွာခံတွေထံက သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရွှေဖီမြေကလည်း Òနမ့်ခမ်းမြို့နယ်မှာ စိတ်ကျန်းမာရေး ချို့ယွင်းသူက ကလေးငယ်တစ်ဦးကို ရိုက်နှက်လို့ သေဆုံးÓ ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဇွန်လ ၁၃ ရက်မှာ တင်ဆက်ပေးထားပါတယ်။

သတင်းလင့်ခ် – https://archive.is/OFZFk

တအာင်းတပ် TNLA ကလည်း Òဟိုနားကျေးရွာတွင် စိတ်မနှံသူအမျိုးသားတစ်ဦးမှ ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုကြောင့် သေဆုံးမှုဖြစ်ပွားÓ ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဇွန်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်းလင့်ခ် – https://archive.ph/gjlGM

#သုံးသပ်ချက်

ရွှေဖီမြေက စိစစ်တွေ့ရှိထားတာနဲ့ စစ်ကောင်စီတပ်ရဲ့ လော်ဘီပေ့စ်နဲ့ လော်ဘီချန်နယ်တွေမှာ ရေးသားဖော်ပြထားတဲ့ သတင်းအကြောင်းအရာတွေဟာ ကွဲလွှဲမှုတွေ ရှိနေပြီး အထင်အမြင်လွဲမှားမှုတွေ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်မှန်သတင်းကို ဖြန့်ဝေတာဖြစ်ကြောင်း သုံးသပ်နိုင်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီတပ် ထောက်ခံသူတွေက အလားတူ သတင်းအမှားမျိုးကို မကြာခဏ ရေးသားဖြန့်ဝေလျက်ရှိပြီး ၎င်းတို့ ဖြန့်ချိလျက်ရှိတဲ့ သတင်းအမှားတွေကို အချက်အလက်စိစစ်သူတွေက စစ်ဆေးထားကြပါတယ်။

ဝင်ရောက်ကြည့်ရှု့ရန်လင့်ခ်

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် ထောက်ခံသူတွေဟာ Facebook, TikTok, Telegram, YouTube စတဲ့ ဆိုရှယ်ပလက်ဖောင်းအမျိုးမျိုးကို အသုံးပြုပြီး စာတို၊ ရုပ်သံ၊ ဆောင်းပါး၊ ရုပ်ပုံတွေနဲ့ ပုံစံအမျိုးမျိုးပုံဖော်ပြီး သတင်းအမှားတွေကို ချဲ့ကားရေးသားတာ၊ လိမ်လည်ရေးသားတွေကို ပိုမိုလုပ်ဆောင်နေတာ နေ့စဉ် တွေ့နေရပါတယ်။

ဒါကြောင့် အခုလို နိုင်ငံရေးရှုပ်တဲ့ကာလမှာ လူထုတွေအနေနဲ့ အွန်လိုင်းပေါ်က တွေ့ရာ၊ မြင်ရာ သတင်းတွေတိုင်းကို ချက်ချင်းမယုံကြည်ကြဘဲ စိတ်ချပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေမှာ ရှာဖွေ ဖတ်ရှုကြဖို့ ရွှေဖီမြေရဲ့ စာဖတ်ပရိတ်သတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။