ရွှေဖီမြေ၊ ဧပြီ ၁၁ ရက်

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

၎င်းစာဟာ လုပ်ကြံဖန်တီးထားတာဖြစ်ပြီး ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဧပြီ ၉ ရက် ညပိုင်းက စတင်ခဲ့ပြီး ဖေ့ဘုတ်အပြင် စစ်ကောင်စီ လော်ဘီချန်နယ်မှာပါ ထပ်ဆင့်ပျံ့နှံ့နေပြီး တားဘုန်းကျော်ဟာ ရေးသားပြီးခဏအတွင်း ပြန်ဖျက်လိုက်တယ်ဆိုပြီးတော့​လည်း ရေးသားထားကြပါတယ်။

ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ-

View of Sue- https://archive.is/GmNoi

ဘညွှန့်- https://archive.is/PtMTh

အဲဒီပို့စ်ကို ကြည့်ရှုသူပေါင်း တစ်သောင်းကျော် ရှိပြီး ဖေ့ဘုတ်နဲ့ တယ်လီဂရမ်မှာထပ်ဆင့် ပြန်လည်မျှဝေတာကို တွေ့ရပါတယ်။

#သတင်းအမှားဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်

စာသားအရ ဗိုလ်ချုပ် တားဘုန်းကျော်ဟာ ဧပြီ ၉ ရက်က KIO ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ရေးသားထားတဲ့စာကို တုံ့ပြန်ရေးသားတဲ့ပုံစံနဲ့ ဓာတ်ပုံကို ဖျက်ညှပ်ကပ် Screenshot ပြုလုပ်ထားပါတယ်။

ဒီစာဟာ ရေးသားတာ မရှိခဲ့ဘဲ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနဖြစ်တဲ့ People’s Spring ကလည်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

အကောင့်အမည်မှာ ပုံမှန်ထက် Bold ဖြစ်နေတာ၊ Mai Tea Land အကောင့် မျက်နှာပြင်မှာ မရှိတဲ့ လိုင်းတစ်ခု ပိုနေတာ၊ အကောင့်အစစ်မှာ နောက်ဆုံး တင်ထားတဲ့ ပို့စ်တစ်ခုမပါဘဲ အဲဒီမတိုင်ခင်ကပို့စ် ပါနေတာ‌ကြောင့် Photoshop နဲ့ ပြုလုပ်ထားကြောင်းကိုလည်း People’s Spring သတင်းဌာနမှာ ရေးသားထားပါတယ်။

People’s Spring- https://www.facebook.com/share/p/16GCr7Cc7z/

#သုံးသပ်ချက်

ကချင်တပ်မတော်- KIO/KIA နဲ့ တအာင်းတပ်- TNLA တို့အကြား ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ ညှိနှိုင်းနေစဉ် ဗိုလ်ချုပ် တားဘုန်းကျော်ရဲ့ ဖေ့ဘုတ်အကောင့် Mai Tea Land အကောင့်နဲ့ လုပ်ကြံဖန်တီးထားတဲ့ပုံ ထွက်ပေါ်လာတာဟာ လုပ်ကြံဖန်တီးမှုသာ ဖြစ်ပါတယ်။

ရှမ်းမြောက်က မြို့နယ်တချို့မှာ TNLA နဲ့ KIA တို့အကြား မကြာခဏ အငြင်းပွားမှု ဖြစ်နေတာကြောင့် နှစ်ဖက် အထင်အမြင် လွှဲမှားအောင် မကြာခဏ သွေးထိုးစာတွေ အွန်လိုင်းပေါ် ပျံ့နှံ့နေတာပါ။

ဒါကြောင့် ရွှေဖီမြေရဲ့ စာဖတ်ပရိသတ်က‌လည်း အွန်လိုင်းပေါ်က တွေ့ရာသတင်းတွေကို ချက်ချင်း မယုံကြည်ဘဲ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေမှာ သွားရောက် ရှာဖွေဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ဝိုင်းပိတ်ထားတာကြောင့် TNLA က အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် TNLA က မြို့လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ကြေညာလိုက်ရတယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်နေပါတယ်။