By မိုင်းအရှိုင်း၊ ရွှေဖီမြေ

ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ အင်တာနက်လိုင်းရရာ နေရာတွေမှာ တွေ့မြင်လာရတာတစ်ခုက ဝိုင်းဖွဲ့ပြီး ဂိမ်းဆော့နေကြတဲ့ လူငယ်၊ လူကြီးတွေပဲ ဖြစ်ပါတယ်။ တချို့က အိပ်ရာထဲမှာ တနေကုန် တညလုံးမခွာ ဂိမ်းဆော့နေကြတာပါပဲ။ အဲဒီဂိမ်းဟာ ကျွဲဂိမ်းလို့ လူသိများတဲ့ စလော့ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ပိုက်ဆံနဲ့ လောင်းကြေးထပ်ကာ ဆော့ကစားရတဲ့ ဂိမ်းဖြစ်ပြီး လူတွေကို စိတ်လှုပ်ရှားမှု ပေးနိုင်သလို ရံဖန်ရံခါ ငွေအမြောက်အများ ပေးတတ်ပါတယ်။ ဒါက ဝင်ငွေရလမ်းကြောင်း နည်းပါးတဲ့ဒေသဖြစ်တဲ့ တအာင်းဒေသဟာ ဒီဂိမ်းရဲ့ သားကောင်ဖြစ်လာတာကို ကိုယ့်ပတ်ဝန်းကျင်က သက်သေပြနေပါတယ်။

စာရေးသားသူရဲ့ အသိတစ်ဦးကို ကျွဲဂိမ်းက အများဆုံး သိန်း ၅၀ အထိ ပေးဖူးပြီး အဲဒါတွေက ဂိမ်းမဆော့ဖူးသူတွေရဲ့ လောဘစိတ်ကို စွဲဆောင်နေပါတယ်။ လောဘကို မထိန်းနိုင်ကြတဲ့ လူငယ်လူရွယ်တွေက ရှိသမျှအချိန်နဲ့ ငွေတွေကို အဲကျွဲဂိမ်းထဲမှာပဲ နစ်မြှုပ်လာကြပါတော့တယ်။

တအာင်းဒေသရှိ ရပ်ဝန်းအသီးသီးမှာ ဂိမ်းပျံ့နှံ့မှုပုံစံက တစ်ပုံစံတည်း ဖြစ်နေလျက်ရှိနေပါတယ်။ ကိုယ်နဲ့ အသိတကျွမ်း မရှိတဲ့သူတွေကနေမှ K-pay လိုက်လံချေးယူမှုတွေကို လူတွေက ခပ်စိပ်စိပ်ကြုံလာရပါတယ်။ အဲဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ကျွဲဂိမ်းစွဲလမ်းတာ တွေ့ရှိရပါတယ်။

ကျွဲဂိမ်းဟာ တအာင်းတို့ရဲ့ လူမှုရေး၊ စီးပွားရေးတို့အပေါ် ရိုက်ခတ်မှုတွေ များသလို လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်နိုင်ကြောင်း တအာင်းနိုင်ငံရေး ကျောင်းသားတစ်ဦးက သုံးသပ်ပါတယ်။

“လူငယ်တွေဟာ အကြွေးများလာမယ်။ အကြွေးတွေကြောင့် စိတ်ဖိစီးမှုတွေ များလာပြီး လူမှုရေးမှာ ပြဿနာ အကြီးအမားကြုံလာနိုင်တယ်။ အဓိက ကိုယ်နဲ့ သိပ်မရင်းနီးတဲ့သူတောင်မှ Kpay အတင်းလာတောင်းတဲ့ အထိဆိုတော့”

လက်ရှိ ကျွဲဂိမ်းစွဲလမ်းတဲ့ရောဂါဟာ လူတန်းစားအသီးအသီးသို့ ကူးဆက်နေပြီး ဒေသတွင်း လာဘ်စားတဲ့အထိ ရွေ့လာနိုင်ကြောင်း သူက သုံးသပ်ထားပါတယ်။

တအာင်းတပ် TNLA ရဲ့ ဌာနပိုင်းဆိုင်ရာတွေမှာတော့ စလော့ဂိမ်းလိုမျိုး အလောင်းကစားနဲ့ တခြားအလောင်းကစား ဆော့ကစားပိုင်ခွင့်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်တာမျိုး ရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။ တစ်ဖက်မှာလည်း မိုဘိုင်းအပ်ပလီကေးရှင်းဖြစ်တဲ့ ဒီကျွဲဂိမ်းကို အချိန်မရွေး uninstall လုပ်ပြီး အချိန်မရွေး install ပြန်လုပ်လို့ရတာကြောင့် သိသာတဲ့ ထိရောက်မှုမရှိတာဟာ ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။

နေ့စဉ် သန်းနဲ့ချီတဲ့ နိုင်ငံ့ဘဏ္ဍာငွေတွေကို ပေါ်တင်ခိုးယူမှုတွေ လုပ်နေတဲ့ အခုလို အလောင်းကစားတွေကို လက်ပိုက်ရပ်ကြည့်နေတဲ့ ဇာတ်ကောင်ဟာ စစ်ကောင်စီဖြစ်နေပါတယ်။ မြန်မာမှတ်ပုံတင်နဲ့ Login ဝင်ရတဲ့ K-pay အကောင့်နဲ့ လိမ်လည်မှုတွေ လုပ်နေတာကို လက်ပိုက်ရပ်ကြည့်တာဟာ စစ်ကောင်စီအတွက် အကျိုးအမြတ်တချို့ ရှိနေပါတယ်။ လူငယ်တွေ နိုင်ငံရေးထက် ဂိမ်းကို ပိုအာရုံစိုက်လာတာက စစ်ကောင်စီလိုချင်နေတဲ့ အဓိကအချက် တစ်ချက်ဖြစ်နေပါတယ်။

ကျွဲဂိမ်းစွဲလမ်းတာဟာ မူးယစ်ဆေးဝါး စွဲလမ်းတာနဲ့ဆင်တူပြီး တစ်ရက်မဆော့ရရင် မနေနိုင်တဲ့အထိ ဖြစ်လာကြောင်း ဂိမ်းရဲ့သားတစ်ကောင်တွေက ပြောဆိုပါတယ်။ ကျွဲဂိမ်းစွဲလမ်းမှုက မူးယစ်ဆေးဝါး စွဲလမ်းမှုထက် ပိုဆိုးနေတဲ့ အချက်တစ်ချက်ကတော့ ကျား၊ မနဲ့ အသက်အရွယ်မရွေးဘဲ ဖုန်းတစ်လုံး ရှိရုံနဲ့ အလွယ်တကူ ဆော့ကစားလို့ ရနေတာပဲဖြစ်ပါတယ်။

တအာင်းဒေသမှာ စလော့ဂိမ်းစွဲလမ်းမှု အခြေအနေဟာ တဖြည်းဖြည်း မြင့်တက်လာနေပြီး လူငယ်တွေရဲ့ ဘဝကို ဝါးမျိုဖို့ ကပ်ဆိုက်လာပြီဖြစ်ကြောင်းနဲ့ ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အသိပေးရင်း….။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။