ရဲမာန်၊ မတ်လ ၁၀ ရက်၊ ဒွယ်လိုး
ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ နို့ဝီထရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ဘုန်းကြီးကျောင်းမှာ ၁ လုံး၊ ရွာထဲ ၁ လုံး ကျတာပါ။ သေတာက အမျိုးသမီးတွေပါ”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူလည်းရှိပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ဒွယ်လိုးမြို့နယ် မယ်ကောလောရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ခင်ပွန်းနဲ့ သမီးဖြစ်သူလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။