ရဲမာန်၊ ဇန်နဝါရီ ၂၇ ရက်၊ မန္တလေး
မန္တ လေးတိုင်း မန္တလေး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဗိုလ်ချုပ်ကြီး မင်းအာင်လိူင်က မန္တလေး မင်းဝတ်တန်ဆာဝတ်ဆင်ပြီး ယတြာချေဖို့ ခေတ္တတည်းခိုးစဉ် ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လိူင်က မန္တလေးရွေးကောက်ပွဲကျင်းပရာ မဲရုံသို့ သွားကြည့်ပြီးနောက် ဗေဒင်ဟောကိန်းအရ ယတြာချေဖို့ လပခမှာ ခေတ္တတည်းခိုခဲ့တာဖြစ်တယ်လို့ Brave Warriors for Myanmar (BWM)က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၄ နာရီ ၄၁ မီနစ်မှာ မန္တလေး မင်းဝတ်တန်ဆာဝတ်ဆင်ပြီး မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားကနေ ပြည်တော်ဝင် ယတြာချေဖို့ သတင်းရရှိသည့်နှင့် ညတွင်းချင်း ပခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“၅ လုံးပစ် ၃ လုံးဘဲ ထွက်ပါတယ်။ပစ်ပြီးကတည်းက မင်းအောင်လှိုင်ပျောက်နေတယ်လို့အတွင်းသတင်းအရသိရပါတယ်။ ယတြာဆက်ချေဖြစ်လားမဖြစ်လား မပြောတတ်တော့ပါဘူး။ ထိခိုက်မှုတော့ရှိတယ်လို့သိရပေမယ့် အတိအကျသိဖို့စုံစမ်းနေဆဲ” ဖြစ်တယ်လို့ BWM မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက် တပ်စွဲထားတဲ့နေရာမှ လက်နက်ကြီး လက်နက်ငယ် ယမ်းသမ်းပစ်ခတ်မှုအပြင် မန္တလေးမြို့ပေါ်မှာလည် နေရာစုံ ပိတ်ဆို့ပြီး အစစ်အဆေးကြမ်းနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“အတုအယောင်ရွေးကောက်ပွဲကို အောင်ပွဲခံချင်နေတဲ့ မင်းအောင်လှိုင်ကို အခုလိုလုပ်ပစ်နိုင်လို့ ကျေနပ်ပါတယ်။ မြေပြင်ရဲဘော်တွေရဲ့ စွန့်စားမှုနဲ့ကြိုးစားမှုက အတော်ကိုထိရောက်ခဲ့လို့ အလွန်ပဲအားရကျေနပ်မိပါတယ်”လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship(NMD-PDF)၊ Shadow (Mandalay)နဲ့ Infinity အဖွဲ့တို့မှ ပူးပေါင်းပြီး ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၄ နာရီခွဲမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။