ပို့လဘား၊ မတ်လ ၉ ရက်၊ လယ်မူလား
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တဖီလေးခိုကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မတ်လ ၉ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ဟုတ်တယ် စာသင်ကျောင်း ဗုံးကြဲတာ ကျောင်းသားတွေ သေတယ်။ တခြားဒေသတွေလည်း အကုန်ပတ်ကြဲတာ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၁၁ နှစ်အရွယ် ယောက်ျားလေး ၂ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသား ၃ ဦး သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် စုံစင်ဖျားကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်ကလည်း စစ်ကာင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၆၄)ကနေ လယ်ဒိုမြို့နယ် ကညင်ကျွန်းရွာထဲ ၈၁ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။