ရွှေဖီမြေ၊ ဇန်နဝါရီ ၁၉ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲကျော်မှာ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတချို့လည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်ကလည်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း အရာတော်မြို့နယ်က မူကြိုကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။