လွေးထွေး၊ ဒီဇင်ဘာ ၂၄ ရက်၊ မိုးကုတ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ ကျောက်လုပ်ကွက်တစ်ခုက မန်နေဂျာတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း မိုးကုတ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်က မိုးကုတ်မြို့ ကျောက်မျက်လုပ်ကွက် မန်နေဂျာ အသက် ၃၂ နှစ်အရွယ် ကိုကျော်စိုး ဆိုသူက ခုံကြေးလာကောက်ချိန်မှာ ဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
မိုးကုတ်ဒေသခံအမျိုးသားက “ထာပွဲ ခုံကြေးလာကောက်လို့ ဖမ်းတာ။ သူက TNLA လက်ထက်ကတည်းက အလုပ်လုပ်တာဆိုတော့လေ” လို့ ပြောပါတယ်။
၎င်းဖမ်းဆီးခံရသူအမျိုးသားဟာ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်အထိ ပြန်မလွှတ်သေးကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း မိုးကုတ်မြို့အဝင် ၅ မိုင်ဂိတ်မှာ ပိန်းပြစ်လီဆူရွာခံ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၁၉ ရက်မှာ ပြန်လွှတ်လာခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။