ဓာတ်ပုံ – Facebook

မိုင်းရူပ၊ ဒီဇင်ဘာ ၃၁ ရက်၊ မန်တုံ

တအာင်းဒေသ မန်တုံမြို့နယ် နမ့်ဟိုင်း(မိုင်းဘော်)ရွာမှာ တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့တွေက မူးယစ်ဆေးဝါး ဝင်ရောက်စစ်ဆေးနေချိန် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ နမ့်ဟိုင်းရွာအတွင်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးချိန် ထွက်ပြေးကြတာကြောင့် ရဲ့တပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့ရာ ဝမ်ဆုန်ဆိုသူ ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဝမ်ဆုန်ဆိုသူဟာ တရုတ်နိုင်ငံသားဖြစ်တယ်လို့ ဖေ့ဘုတ်စာမျက်နှာတချို့မှာ ဖော်ပြထားတာတွေ့ရပြီး ဖြစ်စဉ်ကို စုံစမ်းကြည့်ရာ ဝမ်ဆုန်ဟာ နမ့်ဟိုင်းရွာခံဖြစ်သလို ပလောင်အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားသူလည်းဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဥ်ကို သိရှိထားတဲ့ နမ့်ဟိုင်းရွာခံအမျိုးသားတစ်ဦးက “ရဲတွေက မူးယစ်ဆေးဝါးရှိတယ်လို့ သတင်းရတာထင်တယ်။ ရဲတွေက သူ့ညီကို စစ်နေတဲ့အချိန် ထွက်ပြေးလို့ သေနတ်နဲ့ လိုက်ပစ်တာ။ သူ့အစ်ကိုက ဝင်တားတဲ့အချိန်မှာ ပစ်ခတ်မိလိုက်တာ ထင်တယ်။ ရဲတွေက အရက်မူးလို့ ပစ်တာတော့ မဟုတ်ဘူး” လို့ ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ လူသေဆုံးခဲ့ရတဲ့အထိ သေနတ်ပစ်ဖောက်ခဲ့တဲ့ အဲဒီရဲတပ်ဖွဲ့ဝင်တွေကို တအာင်းတပ်ဘက်က အရေးယူဖို့ လုပ်ဆောင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နမ့်ဟိုင်းရွာဟာ နမ္မတူ – နမ့်ခမ်းလမ်းပိုင်းမှာ တည်ရှိပြီး တအာင်းတပ် TNLA အပြင် ကချင်တပ် KIA လည်းရှိပြီး သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။