သုတ၊ ဖေဖော်ဝါရီ ၃ ရက်

၂၀၂၆ ခုနှစ်အတွင်း အရန်ပြည်သူ့စစ် (ဆီုက်ခြဲရဝ်) ကို မကောက်ခံဘူးလို့ တအာင်းတပ်မတော်- TNLA က ပြောထားပေမယ့် မြေပြင်မှာ ကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“အခု ကျနော်တို့ ရွာဘက်မှာ (ဆီုက်ခြဲရဝ်) အတွက်ဆိုပြီး TNLA က လူဦးရေ တောင်းနေတာပါ။ ဘယ်နှစ်ယောက် ပေးရမယ်ဆိုတာတော့ မပြောသေးပါဘူး။ အခု TNLA တောင်းတဲ့ လူ ပေးဖို့ ရွာမှာ အစည်းအဝေး လုပ်နေရပါတယ်” လို့ တအာင်းဒေသ မန်တုံမြို့နယ်ထဲက အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းတပ် ထိန်းချုပ်ဒေသတွေမှာ ရွှေဖီမြေက ကွင်းဆင်းချိန်အတွင်း အရန်ပြည်သူ့စစ်အတွက်ဆိုပြီး တပ်သားသစ်တွေ ကောက်ခံနေတာကိုလည်း တွေ့ရပါတယ်။

နောက်ထပ်နမ့်ခမ်းမြို့နယ်က နယ်ခံတစ်ဦးကလည်း PSLF/TNLA အနေနဲ့ အရန်ပြည်သူ့စစ် (ဆီုက်ခြဲရဝ်) ကောက်ခံနေတာနဲ့ ပတ်သက်ပြီး လူထုတွေကို မူဝါချတွေ ချပြပေးစေချင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသတွင်း တည်ငြိမ်လာပြီ ဖြစ်တာကြောင့် လုံခြုံရေးကို တအာင်းတပ်နဲ့ တအာင်းတပ်ရဲ့ ရဲဌာနကပဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး အရန်ပြည်သူ့စစ်တွေကို ဒီနှစ်အတွင်း ကောက်ခံသွားဖို့ မရှိဘူးလို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရွှေဖီမြေကို ပြောဆိုထားတာ ဖြစ်ပါတယ်။

အရန်ပြည်သူ့စစ် (ဆီုက်ခြဲရဝ်) ကို တင်းပြည့် စစ်သားအဖြစ် ခေါ်ယူတာ မဟုတ်ဘဲ ဒေသတွင်း လိုအပ်ချက်အရ ကောက်ခံရတာ ဖြစ်တယ်လို့ လွေးယေဦးက ဆိုပါတယ်။

တအာင်းတပ် PSLF/TNLA ထိန်းချုပ်ဒေသတွေမှာ ဒေသလုံခြုံရေးအတွက်ဆိုပြီး အရန်ပြည်သူ့စစ် (ဆီုက်ခြဲရဝ်) ကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အောက် တအာင်းလူမျိုး အမျိုးသားတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ခေါ်နေတာ ဖြစ်ပါတယ်။

PSLF/TNLA ရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း တအာင်းလူမျိုးတိုင်း ညီအစ်ကို ၂ ဦးနဲ့အထက်ရှိပါက တစ်ဦးဟာ တအာင်းတပ်ထံ စစ်မှုထမ်းရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အရန်ပြည်သူ့စစ် (ဆီုက်ခြဲရဝ်) ကတော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အောက် တအာင်းလူမျိုး အမျိုးသားတိုင်း TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လုံခြုံရေးအတွက် အလှည့်ကျ စစ်မှုထမ်းရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။