ဓာတ်ပုံ – Indaw Revolution (ပုံဟောင်း)

ရဲမာန်၊ ဇန်နဝါရီ ၂ ရက်၊ အင်းတော်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသက အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ အင်းတော်မြို့နယ် ပဲခူးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution – IR က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

“ဗုံး ၂ လုံးကြဲချသွားတာ။ ပေါင်က ဘယ်လောက်လဲဆိုတာတော့ မသိဘူး။ စာသင်ကျောင်း ဘေးနားလေးတွေ ကျတာ။ ကျောင်းဆောင်နဲ့ ရွာထဲက အိမ်တွေ ပျက်စီးသွားတယ်။ သေဆုံးသွားတဲ့ ကျောင်းသူက Grade-12 သူပါ။ ပဲခူးရွာမှာ အထက်တန်းရှိတော့ တခြားရွာကနေ ကျောင်းအိပ်ကျောင်းစား အဆောင်သဘော လာတက်တဲ့ ကလေးတွေပါ။ Grade -12 ကျောင်းသူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မော်လူးဒေသကို ပြီးခဲ့တဲ့ ၂၀၂၅ မေလ ၁၂ ရက်တုန်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“စစ်ကောင်စီဘက်နေနေ NUG ဘက်နေနေ ကလေးတွေမှာ ပညာသင်ကြားခွင့်ရှိတယ်။ ကျနော်တို့ဘက်မှာလည်း စစ်ကောင်စီတပ်ဘက်ကို ကျောင်းသွားတဲ့ ကလေးတွေ ရှိတယ်။ သူတို့ရွေးချယ်မှုနဲ့ သူတို့ဆိုပြီး ကျနော်တို့ဘက်က ဘာမှလုပ်တာမရှိဘူး။ အခုလို စစ်ကောင်စီတပ်ဘက်က NUG ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဟာ လူမဆန်တဲ့လုပ်ရက်တခုလို့ မြင်တယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် ၂၀၂၅ ဧပြီလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာလည်း အင်းတော် မြို့မကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ ဘုရားကုန်းမှာ ရှိနေတဲ့ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။